BREAKING
January 19, 2025

ထားဝယ်

သဘော့ဆိပ်ဘက် စစ်ကြောင်းဝင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံများ ထွက်ပြေး

diz_admin

March 11, 2023

လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အရှေ့ဘက်တောင်ကြောမှ စစ်ကောင်စီတပ်များ ဝင်လာနေသည်ဟု ယနေ့ (မတ် ၁၁) မွန်းလွဲပိုင်းတွင် သတင်းထွက်ပေါ်နေသည့်အတွက် ရွာခံများဘေးလွတ်ရာသို့ ထွက်ခွာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့နယ် တောရှည်ရွာ တောင်မိုးတောင် အနောက်ဘက်ခြမ်းမှ သဘော့ဆိပ်ပြင်ကြီးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအပြည့် ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများကဆိုသည်။ ယင်းကြောင့် သဘော့ဆိပ်၊ပြင်ကြီးဒေသခံများ ဘေးလွတ်ရွာသို့ ထွက်ခွာနေသည်ဟု သဘော့ဆိပ်ရွာခံတစ်ဦးက ပြောသည်။ “အဲဒီသတင်း ကြားရတယ် အခုရွာထဲကတော်တော်များ ထွက်ခွာနေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြီးခဲ့သည့်မတ်လ ၆ ရက်နေ့က ကရင်ကြီးရွာ၊ ပျူစောထီး စခန်းတိုက်ခိုက်ခံရသည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို အသုံးပြုပြီး လက်နက်ကြီးဖြင့် ပစ်ခတ်စစ်ကူပေးခဲ့သည်။ အဆိုပါလက်နက်ကြီး ကျရောက်သည့် သဘော့ဆိပ်၊ပြင်ကြီး၊ ကရင်ကြီး၊ကမ်းပနီ၊ကျောက်ဆင် ‌စသည့် ကျေးရွာငါးရွာမှဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ရသည်။ […]

တနင်္သာရီတိုင်းတွင် လောင်းလုံးနှင့် ရေဖြူမြို့နယ်မှာ အရပ်သားသေဆုံးမှု အများဆုံးဖြစ်  

diz_admin

March 11, 2023

တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းသည့် မြို့နယ်များဖြစ်သော လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့တွင် အရပ်သားသေဆုံးမှု ပိုများနေသည်ကိုတွေ့ရသည်။ ယင်းမြို့နယ် ၂ ခုမှာ တနင်္သာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှုအများဆုံးဖြစ်သည့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့ထက် အရပ်သားသေဆုံးမှု ပိုများနေခြင်းဖြစ်သည်။ တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များကို စောင့်ကြည့်မှတ်တမ်းပြုစုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်သည့် အချက်အလက်အရ လောင်းလုံးနှင့် ရေဖြူမြို့နယ်တို့မှာ အရပ်သားသေဆုံးမှု အများဆုံးနှင့် ဒုတိယအများဆုံးမြို့နယ်များဖြစ်နေသည်။ တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် လောင်းလုံးမြို့နယ်သည် အာဏာသိမ်း ၂ နှစ်တာကာလအတွင်း အရပ်သားသေဆုံးသူ ၁၀၇ ဦး၊ ထိခိုက် ဒဏ်ရာရသူ ၂၇ ဦး စုစုပေါင်း ၁၃၆ ဦးဖြင့် ထိပ်ဆုံးတွင်ရှိနေသည်။ လောင်းလုံးမှာ တိုက်ပွဲဖြစ်ပွားမှုမှာ ၂၃ ကြိမ်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုအနည်းဆုံးမြို့နယ် နံပါတ် ၆ တွင်ရှိသည်။ လောင်းလုံးမြို့နယ်၏အောက်တွင် […]

ပညစ်ရွာစစ်ဘေးရှောင်များ ရိက္ခာအခက်အခဲဖြစ်

diz_admin

March 11, 2023

လောင်းလုံးမြို့အနောက်ဘက်တောင်ကြောရှိ ပညစ်ရွာ စစ်ကြောင်းထိုးခံရပြီးနောက် တစ်ရက်အကြာတွင် ဒေသခံစစ်ဘေးရှောင်များ စားနပ်ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၁၀ ရက် နံနက်ပိုင်းတွင် တိုက်ပွဲမဖြစ်ဘဲ ပညစ်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ပညစ်နှင့် တစ်ကမ်းတွင်တည်ရှိသည့် ကရင်ကြီးတွင်မူ မတ်လ ၆ရက်က ပျူစောထီးစခန်း တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ မတ်လ ၁ဝရက် နံနက်တွင် စစ်ကောင်စီတပ် စစ်ကြောင်း ကုန်လမ်းရေလမ်းတို့မှ ပညစ်ရွာသို့ ရုတ်တရက်ဝင်ရောက် လာခြင်းဖြစ်သဖြင့် ဒေသခံများမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။ ထို့နောက်နေအိမ် ငါးလုံးအား မီးရှို့ခဲ့ပြီး ကုန်စုံဆိုင်အားလုံးနီးပါးကို ဖျက်ဆီးခဲ့ကာ ကုန်ခြောက်၊ အသုံးအဆောင် ပစ္စည်းများကိုလည်း ယူဆောင်သွားသောကြောင့် ဒေသခံများ ရိက္ခာအခက်အခဲဖြစ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဆန်က […]

ကလိန်အောင်တွင် အမျိုးသမီးနှစ်ဦးအဖမ်းခံရ

diz_admin

March 10, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းတွင်တစ်ဦး၊ ညနေပိုင်းတွင် တစ်ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသည့် အမျိုးသမီးနှစ်ဦးမှာ ကလိန်အောင်မြို့အနီး ဇင်းဘာရွာနှင့် ကျောက်ရှပ် (နွယ်လီ) ရွာတို့မှဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “နေ့လယ်ပိုင်းမှာ ဖုန်းလာဝယ်တဲ့ တစ်ယောက်က ကလိန်အောင်တံတားထိပ်မှာ အဖမ်းခံလိုက်ရတယ်။ ညကျမှ နောက်တစ်ယောက်က သူ့အိမ်မှာ အဖမ်းခံရတယ်” ဟု ကလိန်အောင် မြို့ခံတစ်ဦးက ပြောဆိုသည်။ အဖမ်းခံရသည့် အကြောင်းအရင်းအပါအဝင် အသေးစိတ်အခြေအနေတို့ကို မသိရသေးပေ။ ကလိန်အောင်မြို့သည် ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်တွင်တည်ရှိပြီး ကလိန်အောင်တံတားတွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်ဖွင့်လှစ်ထားသည်။

ပညစ်ရွာတွင် နေအိမ်လေးလုံးထက်မနည်းမီးရှို့ခံရပြီး ရွာလုံးကျွတ်နီးပါးထွက်ပြေးနေရ

diz_admin

March 10, 2023

လောင်းလုံးမြို့နယ် ပညစ်ရွာတွင် ယနေ့ နေအိမ်လေးလုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရပြီး ရွာလုံးကျွတ်နီးပါး အရေအတွက်အားဖြင့် ဒေသခံငါးရာကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၀ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေးလမ်းတို့မှ လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ဝင်ရောက်လာပြီးနောက် ဒေသခံများ၏ နေအိမ်လေးလုံးထက်မနည်းကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပညစ်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ မီးရှို့ခံရသည်နေအိမ်တို့မှာ ပညစ်ရွာသားများဖြစ်သည့် ဦးကြည်ဝင်း၊ ဒေါ်ပိုသန်း၊ ကိုဇော်ဦးနှင့် ဒေါ်စိန်နွဲ့တို့၏ နေအိမ်များဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “လောလောဆယ်တော့ (အိမ်) လေးလုံးပဲ အတည်ပြုနိုင်သေးတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းအပြင် စစ်ကောင်စီတပ်က ပြန်လည်ထွက်ခွာရာတွင် လမ်းကြောင်းတစ်လျှောက်တွေ့ရသည့် ဒေသခံ ခုနစ်ဦးခန့်ကို […]

လောင်းလုံး ပညစ်ရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရ၊ ဒေသခံများထွက်ပြေး

diz_admin

March 10, 2023

လောင်းလုံးမြို့နယ်၊ ပညစ်ရွာကို စစ်ကောင်စီတပ်က ကုန်းနှင့် ရေ နှစ်ဘက်စလုံးတို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ပညစ်ရွာသို့ ရုတ်တရက်ရောက်ရှိလာပြီး ယနေ့ မတ်လ ၁ဝရက် နံနက် ၆ နာရီမှ ၉ နာရီအထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။ “ရုတ်တရက်ဝင်လာပစ်တော့ ကျွန်မတို့လည်း ဘာမှယူလို့မရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ပဲ ထွက်လာရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပြီး ရွာထဲပိတ်မိနေသည့် ရွာခံများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအပြင် ရွာထဲတွင် မီးရှို့ခံရမှုများလည်းရှိနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ “လောလောဆယ် ရွာထဲက မီးခိုးလုံး လေးနေရာလောက်က တက်နေတာတွေ့ရတယ်” ဟု ၎င်းက […]

လောင်းလုံး ကျောက်ဆင်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် ယနေ့ မတ်လ ၉ ရက် ညနေ ၅ နာရီဝန်းကျင်က ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၅၀ ကျော်အရွယ်ရှိ ဇနီးမောင်နှံဖြစ်သည့် ကျောက်ဆင်ရွာသား ဦးရခိုင်ဆိုသူနှင့် ဇနီးဖြစ်သူ ဒေါ်လှမူတို့ သေနတ်ဒဏ်ရာရရှိပြီး သေဆုံးသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်မှာပဲ ပစ်သတ်ခံလိုက်ရတာ” ဟု ၎င်းက ဆိုသည်။ အဆိုပါဇနီးမောင်နှံကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါဇနီးမောင်နှံ၏ ရုပ်အလောင်းမှာ ယနေ့ ည ၈ နာရီ ဝန်းကျင်တွင် အရေးပေါ်ကားဖြင့် ထားဝယ်မြို့ဆေးရုံသို့ သယ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ကျောက်ဆင်ရွာသားအချို့မှာ မတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်ကြီးရွာဖြစ်စဉ်ကြောင့် […]

ကရင်ကြီးရွာ ပျူစောထီးခေါင်းဆောင်နေအိမ်မီးရှို့ခံရ၊ စစ်ကြောင်းဝင်ချိန် ရွာသားအချို့ဖမ်းဆီးခံရ

diz_admin

March 9, 2023

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာ ပျူစောထီးခေါင်းဆောင်၏ နေအိမ်အပါအဝင် အဖွဲ့ဝင်အချို့၏နေအိမ် သုံးလုံး ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ပျူစောထီးခေါင်းဆောင် ဦးလေးလေးဆိုသူ၏ နေအိမ်နှင့် ပျူစောထီးအဖွဲ့အား အကူအညီပေး‌လေ့ရှိသည့် နတ်ဝင်သည် မမာလာဆိုသူ၏ နေအိမ်၊ ပျူစောထီးအဖွဲ့ဝင် ကိုအာကာ၏နေအိမ် စုစုပေါင်း သုံးဆောင်ထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ ကရင်ကြီးရွာရှိ ပျူစောထီးစခန်းကို မတ်လ ၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက် ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာသွားသည်။ ယင်းနောက် စစ်ကောင်စီတပ် စစ်ကူလာပြီး ရေကြောင်း၊ ကုန်းကြောင်းနှစ်ဖက်ညှပ်ကာ ကရင်ကြီးကျေးရွာ အနီးအနားရှိ တောတောင်များအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ပြီး စစ်ကြောင်းထိုးခဲ့သည်ဟု ဆိုသည်။ မတ်လ ၈ ရက် ညပိုင်းတွင် စစ်ကောင်စီတပ် ပြန်လည်ထွက်ခွာသွားကြောင်း […]