ဒေသခံတစ်ရာကျော်ဖမ်းဆီးခံရတဲ့ ရငဲရွာနှင့် ဝဲရစ်ရွာမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ
diz_admin
April 24, 2023သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် သက်ကြီးရွယ်အို၊ ကလေးငယ်များအပါအဝင် ဒေသခံတစ်ရာကျော် ဧပြီလ ၂၃ ရက်က ဖမ်းဆီးစစ်ဆေးခံရကြောင်း ဒေသခံရွာသားများက ပြောသည်။ စစ်ကောင်စီတပ်သည် ရငဲရွာသို့ ဧပြီလ ၂၂ ရက်ကတည်းက ဝင်ရောက်ပြီး ရွာထိပ်တွင် တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်သည်။ နောက်တစ်ရက် ဧပြီလ ၂၃ ရက် နံနက် ၇နာရီခန့်တွင် ရွာထဲသို့ စတင်ဝင်ရောက်လာပြီး ရွာခံများကို တစ်အိမ်တက်ဆင်း လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့စဝင်လာချင်းမှာ အရပ်ဝတ်တွေလည်းပါတာဆိုတော့ စစ်ကြောင်းထိုးလာတယ်လို့ မထင်ဘူးပေါ့။ ပုံမှန်အတိုင်းပဲ သွားသွားလာလာ လုပ်နေကြသေးတယ်။ နောက်နေ့ မနက်ကျမှ ဖမ်းတာဆီးတာတွေဖြစ်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဒေသခံ ၁၃၀ ဝန်းကျင် ဖမ်းဆီးခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြောင်း စစ်ဆေးမေးမြန်းကြောင်း ဒေသခံအချို့က ပြောဆိုသည်။ အဖမ်းခံရသူများတွင် သက်ကြီးရွယ်အိုများ၊ […]