စစ်ကောင်စီကားနှစ်စီး သုံးဘီးနောက်လိုက်လာပြီး သောကြာပြင်ရွာသားကိုဖမ်းဆီး
Dawei Watch
May 9, 2023လောင်းလုံးမြို့နယ် သောကြာပြင်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က မေလ ၈ ရက် နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသူမှာ သောကြာပြင်ကျေးရွာ မာလီလတ်ကုန်စုံဆိုင်မှ ဦးနိုင်နိုင်ခေါ် ဦးသက်နိုင်ထွန်းဆိုသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ထားဝယ်မြို့မှ လောင်းလုံးမြို့ဘက်ကို မောင်းနှင်လာသည့် သုံးဘီးတစ်စီးကို ကမြောကင်းတံတား စစ်ဆေးရေးဂိတ်တွင် စစ်ဆေးပြီးနောက် ယင်းသုံးဘီးကားနှင့်အတူ စစ်ကောင်စီကားနှစ်စီးလိုက်ပါလာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “လာဖမ်းတဲ့ကားက ရိုးရိုးအိမ်စီးကားပဲ။ ကားအမဲကတစ်စီး အဖြူကတစ်စီး။ သုံးဘီးကို အလယ်မှာထားပြီး အဲဒီကားက ရှေ့ကတစ်စီး နောက်ကတစ်စီး ညှပ်ပြီးတော့လိုက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါသုံးဘီးမှာ ပစ္စည်းပို့နေသူဟုယူဆရပြီး သုံးဘီးအပေါ်တွင် အဝတ်အစားထုပ်နှင့် အခြားပစ္စည်းများ တင်ထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ “အဓိကကတော့ […]