ကနက်သီရိကျေးရွာက ဒေသခံလေးဆယ်ကျော်ပြန်လွတ်
Dawei Watch
June 11, 2023သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ဒေသခံ ၄၀ ကျော်ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၈ ရက်နှင့် ၉ ရက်က ကျွဲမင်းကုန်းရွာက ဒေသခံ ၃ ဦးခန့်အပါအဝင် ကနက်သီရိရွာက ဒေသခံ ၅၀ ခန့်ကို စစ်ကောင်စီတပ်ဖွဲ့က ယင်းကျေးရွာရှိ ဘုရားကိုးဆူဘုန်းကြီးကျောင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ လမ်းတွင်တွေ့သူ ဒေသခံများနှင့် တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ရှာဖွေစစ်ဆေးစဉ် ဖမ်းခေါ်ခံရသည့် ဒေသခံများတွင် အသက်လေးနှစ်ကျော်မှ ဆယ်ကျော်သက်အထိ ကလေးများပါဝင်သလို ကလေးမိခင်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသားများပါဝင်သည်ဟု ပြန်လည်လွတ်မြောက်လာသူ အမျိုးသားတစ်ဦးက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀ ခန့်တွင် ကလေးဆယ်ဦးကျော်နှင့် အမျိုးသမီးဆယ်ဦးကျော်ပါဝင်သည်ဟု ၎င်းက ပြောသည်။ ဖမ်းဆီးထိန်းသိမ်းထားသူများကို ရိုက်နှက်ခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့ရှိသည်ကို သိလျက်နှင့် […]