လောင်းလုံး စားသောက်ဆိုင်တွင် ဖမ်းဆီးခံရသူခုနစ်ဦးအနက် မိန်းကလေးနှစ်ဦးသာ ပြန်လွတ်သေး
Dawei Watch
June 14, 2023လောင်းလုံးမြို့နယ်၊ သဗျာရွာ စားသောက်ဆိုင်၌ ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားသည့် ပြည်သူခုနစ်ဦးအနက် နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြန်လွတ်လာသူနှစ်ဦးမှာ အဒေါ်ဖြစ်သူ၏ စားသောက်ဆိုင်တွင် ကူညီလုပ်ကိုင်ပေးနေသည့် မိန်းကလေးနှစ်ဦးဖြစ်ကြောင်း သဗျာရွာဒေသခံတစ်ဦးက ပြောသည်။ ဇွန်လ ၁၃ရက် ညနေ ၄ နာရီခန့်တွင် မိဘများနှင့် ဆွေမျိုးနီးစပ်သူများက ရဲစခန်းသို့ သွားရောက်ထုတ်ယူခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သူတို့က အသက် ၁၆၊ ၁၇ အရွယ်လေးတွေ၊ ကလေးတွေ မိဘတွေရဲ့ အာမခံနဲ့ ပြန်လွတ်လာတာဖြစ်မယ်” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါမိန်းကလေးတို့နှင့်အတူ ဖမ်းဆီးခံရသည့် ကိုအီကြာကွေး၊ ကိုတေဇာကျော်၊ ကိုဌေးအောင်၊ ကိုတို၊ ကိုလင်းထိုက်ဆိုသူတို့မှာ ယနေ့ ဇွန်လ ၁၄ ရက် […]