ထားဝယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ
Dawei Watch
June 19, 2023ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦး၏ဖခင် ဦးအောင်ဖေအား စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် ပြင်ထိန်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူတို့ဝင်ဖမ်းတဲ့အချိန်မှာ ဟိုးအရင်က ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုတွေ့တယ်။ နှင်းဆီရောင် အမျိုးသမီးသဂ္ဂ အင်္ကျီကတစ်ထည်တွေ့တယ်ထင်တယ်။ ဘက်ထရီအိုးနှစ်လုံးဆက်တဲ့နေရာမှာသုံးတဲ့ ကြိုးတစ်ချောင်းလည်း ရှာထုတ်လာပြီးတော့ ဒီကြိုးက အိမ်မှာသုံးလို့ မရဘူးဆိုတာ မသိဘူးလားပြောပြီး ကျွန်တော့်အဖေကို ကန်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ဖမ်းသွားတာပေါ့” ဟု ကိုမင်းလွင်ဦးက ပြောသည်။ ကိုမင်းလွင်ဦးသည် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အစဉ်တစ်စိုက် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူလည်း ဖြစ်သည်။ ကိုမင်းလွင်ဦး၏ ဖခင်မှာ သာမာန်လယ်သမားတစ်ဦးသာဖြစ်ပြီး […]