ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရ၊ လူအသွားအလာတိတ်ဆိတ်
Dawei Watch
June 22, 2023ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရကြောင်း မြို့ခံအချို့က ပြောသည်။ ကလိန်အောင်မြို့အတွင်းရှိ ရေး-ထားဝယ်ကားလမ်းမပေါ်တွင် ဇွန်လ ၂၁ရက်ည ၁၁ နာရီခန့်ကစပြီး ညသန်းခေါင်ကျော်အထိ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်သံများကြားရကြောင်း မြို့ခံတို့က ဆိုသည်။ “ည ၁၁နာရီလောက်က သေနတ်သံ ၂ချက် စကြားရတယ်။ ပြီးတာနဲ့ သေနတ်သံရော၊ လက်နက်ကြီးသံရော ည ၁ နာရီကျော်လောက်အထိ ဆက်တိုက်ကြားနေရတယ်။ အဓိကကြားရတာက ထွေအုပ်ရုံးနဲ့ စာသင်ကျောင်းဘက်က ကြားရတာ” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောဆိုသည်။ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရခြင်းဖြစ်ပြီး ရုံးနံရံတွင် မီးလောင်ထားသည့်အရာများတွေ့ရကြောင်း မြို့ခံအချို့က ယနေ့ ဇွန်လ ၂၂ရက် နေ့လယ်ပိုင်းတွင် ပြောသည်။ ရေး-ထားဝယ် ကားလမ်းမပေါ်တွင်လည်း ကျည်ဆန်အခွံများ တွေ့ရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က […]