BREAKING
March 10, 2025

ထားဝယ်

ကမြောကြီးတံတားအနီးမိုင်း‌တွေ့သဖြင့် စစ်ကောင်စီတပ်လာရှင်း၊ ခရီးသွားများ သုံးနာရီကြာပိတ်မိ

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် ကမြောကြီးရွာ ဈေးအနီးရှိတံတားနံဘေးတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မိုင်းဟုယူဆရသည့်အရာ တွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်းဟုယူဆရသည့် ကိရိယာကို ယနေ့ နံနက်ပိုင်းက ဈေးရောင်းဝယ်ရန်လာသည် ဒေသခံများနှင့် ခရီးသွားဒေသခံပြည်သူများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဝါယာကြိုးနဲ့ တွဲရက် ရှိသေးတယ်” ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ ယင်းနောက် နံနက် ၁၀ နာရီကျော်တွင် အဆိုပါမိုင်းတွေ့သည့်နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရှင်းလင်းဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းရှင်းလင်းနေသောကြောင့် လောင်းလုံးမြို့သို့ သွားသည့်ဒေသခံများအပြင် လောင်းလုံးမြို့မှပြန်သည့် ‌ဒေသခံခရီးသွားပြည်သူများမှာ နံနက် ၁၀ နာရီကျော်မှစပြီး မွန်းလွဲ ၁ နာရီအထိ ဖြတ်သန်းခွင့်မရသေးဘဲ စောင့်ဆိုင်းနေကြရကြောင်း ခရီးသွားပြည်သူများထံမှ […]

သရက်‌ချောင်း၊ ရငဲရွာကို စစ်ကောင်စီတပ်က မီးထပ်ရှို့

Dawei Watch

June 26, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးထပ်ရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲကျေးရွာ အင်းဗူးပိုင်းနှင့် ရွာတောင်ပိုင်းတို့က ခန့်မှန်းနေအိမ် နှစ်ဆောင်ကို မီးရှို့နေခြင်းဖြစ်ပြီး မီးခိုလုံးကြီးများ တက်လာနေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခန့်မှန်းတာကတော့ အင်းဗူးပိုင်းထဲမှာတစ်ဆောင်၊ ရွာတောင်ပိုင်းက တစ်ဆောင်ဖြစ်မယ်။ မီးခိုတွေက အဲဒီဖက်ကနေ တက်လာနေတာဆိုတော့လေ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ရငဲကျေးရွာထိပ်ရှိ မြွေတောင်တောင်ကုန်းပေါ်က ကားလမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့နံနက် ၈ နာရီခန့်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ နေအိမ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲရွာထဲတွင်မူ သက်ကြီးရွယ်အို အနည်းငယ်ကလွဲပြီး တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရကြကြောင်း […]

ထားဝယ်တွင် ကြက်သွန်ဖြူဈေးတက်

Dawei Watch

June 25, 2023

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ကျပ်တစ်ထောင်ခန့်ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၁၆ ရက်နေ့က ထူး ၄ အမျိုးစားကြက်သွန်ဖြူတစ်ပိဿာကို ၇၅၀၀ကျပ်ဈေးရှိရာမှ ယနေ့ဇွန်လ ၂၅ ရက်နေ့တွင် ၈၅၀၀ကျပ်ခန့်ဖြစ်လာခြင်းဖြစ်သည်။ “ကြက်သွန်ဈေးက တက်နေတယ်။ ထူး ၅ အမျိုးစားက ပစ္စည်းပြတ်နေပြီ။ ရန်ကုန်၊မော်လမြိုင်က ကုန်သည်တွေပြောတာကတော့ တာချီလိတ် နယ်စပ်ဂိတ်တွေကနေ (ထိုင်း) ယိုးဒယားဖက်က ဝယ်လိုအားများနေတယ်လို့ပြောတယ်” ဟု ထားဝယ်မြို့မှ ကုန်ခြောက်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ ထူး၅ အမျိုးအစားကြက်သွန်ဖြူမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တစ်ပိဿာ ၇၅၀၀ကျပ်ခန့်မှ ယနေ့ ဇွန်လ၂၅ ရက်နေ့တွင် တစ်ပိဿာ ၈၈၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ထူး ၅ အမျိုးစား ကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ သို့သော်ထားဝယ်ဈေးကွက်၏ ကုန်ခြောက်ပွဲရုံအချို့တွင် ထူး […]

ကလိန်အောင်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးလာသည့် မြေသယ်ကားတစ်စီးပျက်စီး

Dawei Watch

June 23, 2023

ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအုပ်စု ရေပုံးရွာ ရေး-ထားဝယ်ပြည်ထောင်စုကားလမ်းမတွင် ယနေ့ ဇွန်လ ၂၃ ရက် နံနက်ပိုင်းက စစ်ကောင်တပ်ယာဉ်တန်း မိုင်းဆွဲခံရကြောင်း မျက်မြင်တွေ့သူအချို့က ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် အနီရောင် မြေသယ်ကားတစ်စီး မိုင်းထိမှန်ကာ ကားဦးခေါင်းပိုင်း ပျက်စီးပြီး လမ်းဘေးထိုးရပ်နေသည်ကို တွေ့ရကြောင်း ၎င်းတို့က ဆိုသည်။  “ကားက မိုင်းထိပြီး ရေပုံးဘုန်းကြီးကျောင်းအလွန် လမ်းကွေ့မှာ ကလိန်အောင်ဘက်ကို ခေါင်းထိုးပြီးရပ်ထားတယ်။ ရေပုံးရွာက အိမ်တွေလည်းအကုန်လုံးနီးပါး ပိတ်ထားတယ်” ဟု မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည်တစ်ဦးက ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းတွင် ပြောသည်။ မိုင်းထိပြီးနောက် နှစ်ဘက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်ကိုမူ မသိရသေးပေ။ မြေသယ်ကားနှစ်စီး ၊ light truck ကားတစ်စီး အပါအဝင် ကားသုံးစီးတွင် စစ်ကောင်စီတပ်သားများလိုက်ပါလာပြီး ရေးမြို့ဘက်မှ […]

မောင်းမကန်ရဲစခန်းအနီး ရဲကားမိုင်းဆွဲပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

Dawei Watch

June 23, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ရွာလမ်းပိုင်းတစ်နေရာတွင် ရဲတပ်ဖွဲ့ဝင်များလိုက်ပါလာသည့်ကား မိုင်းဆွဲပစ်ခတ်ခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူမှာ လောင်းလုံးမြို့နယ် မောင်းမကန်နယ်မြေ ရဲစခန်းမှ ဂတ်စာရေး ရဲတပ်ကြပ်ရဲညွန့် ဖြစ်ကြောင်းသိရသည်။ ယနေ့(ဇွန် ၂၃) နံနက် ၁၀ နာရီကျော်ခန့်က မောင်းမကန်ရွာနှင့် နယ်မြေရဲစခန်းအနီး လမ်းပိုင်းတစ်နေရာတွင် တိုက်ခိုက်ခံရသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ပထမကပေါက်ကွဲသံကြားတယ်။ ပြီးမှသေနတ်သံတွေ ထွက်လာတာ အများကြီးပဲ” ဟု ၎င်းကပြောသည်။ အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့က ယူဆကြသော်လည်း မည်သည့်အဖွဲ့က လာရောက်တိုက်ခိုက်ခဲ့သည်ဆိုသည့် အသေးစိတ် အခြေအနေကို မသိရသေးပေ။ အဆိုပါပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မောင်းမကန်တောင်တက်လမ်းကို ယနေ့ညနေသုံးနာရီ ခန့်ကတည်းက ပိတ်ဆို့စစ်ဆေးနေပြီး မောင်းမကန်ရွာဘက်ကို သွားမည့်ခရီးသည်များ ယခုအချိန်အထိ သွားခွင့်မရသေးကြောင်း ယနေ့ညနေ ၄ နာရီခန့်က မေးမြန်းမှုအရသိရသည်။ “မောင်းမကန်ရွာဘက်ကို […]

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ကျောက်ရပ်ရွာသားသုံးဦး ၂ ရက်ကြာသည်အထိ ပြန်မလွတ်သေး

Dawei Watch

June 23, 2023

စစ်ကောင်စီက ဖမ်းဆီးထားသည့် ထားဝယ်မြို့နယ် ကျောက်ရပ်ကျေးရွာမှ လူငယ်သုံးဦးမှာ ယနေ့ ဇွန်လ ၂၃ ရက်အထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်သုံးဦး နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရဟုဆိုသည်။ “ PDF နဲ့အဆက်စပ်ရှိလို့ဆိုပြီး လာဖမ်းသွားတာလို့ပြောတယ်” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဖမ်းခံရသူတို့၏ အမည်များကိုမူ စုံစမ်းနေဆဲသာရှိသေးသည်။ ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်စိန်နှင့်အဖွဲ့သည် နှစ်ပတ်ခန့်ကြာ ရွာမှပျောက်သွားပြီးနောက် ဇွန်လ ၂၁ ရက်တွင်ကျောက်ရပ် ရွာသို့ပြန်လည်ရောက်လာကြောင်း၊ ယင်းနောက် ထိုလူငယ်သုံးဦး အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါ […]

လောင်းလုံးတွင် ဖုန်းဆိုင်ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိဟုဆို

Dawei Watch

June 23, 2023

လောင်းလုံးမြို့ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခိုးယူသူများကို ဖမ်းမိထားပြီး မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း မြို့ခံအချို့က ပြောသည်။ ဖုန်းဆိုင် ဖောက်ထွင်းခိုးယူသူများဟု ဖမ်းဆီးထားများမှာ ဆယ်ကျော်သက်အရွယ် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။ ၎င်းဆယ်ကျော်သက်အရွယ်လေးဦးမှာ လောင်းလုံးမြို့အနီးက စမ်းလှမ်းကျေးရွာတွင် နေထိုင်သူများဖြစ်သည်ဟုလည်း ဆိုသည်။ ဖုန်းဆိုင်အား ဖောက်ထွင်းပြီး တစ်ရက်ခြား ဇွန်လ ၁၆ ရက်တွင် စမ်းလှမ်းကျေးရွာရှိ ကုန်စုံဆိုင်အား ထပ်မံဖောက်ထွင်း ခိုးယူရာမှ ဆက်စပ်ပြီး ဖုန်းဆိုင်‌ဖောက်ထွင်း ခိုးယူသူများဖြစ်သည်ကို သိရကြောင်း ဖုန်းဆိုင်ပိုင်ရှင်၏ မိတ်ဆွေတစ်ဦးက ပြောသည်။ “သူတို့ရွာကဆိုင်မှာ ခိုးတာဆိုတော့ ဟို (ဆိုင်ရှင်) ကလည်းသိတာပေါ့၊ လက်စလက်နရှိတယ်ဆိုတာကို။ အဲဒီကနေ အိမ်မှာသွားရှာတာ သူတို့ဆိုင်က မုန့်ပုံးတွေရော၊ ဖုန်းတွေရော၊ ပါဝါဘဏ်တွေရောတွေ့လို့ ဆက်စပ်ပြီး အကြောင်းကြားတာနဲ့ […]

ဖောင်းတောရေအားလျှပ်စစ်စက်ရုံကိုသွားသည့် စစ်ကောင်စီအဖွဲ့ နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခံရ

Dawei Watch

June 22, 2023

ထားဝယ်အရှေ့တော‌ဒေသရှိ ဖောင်းတောရေအားလျှပ်စစ်စက်ရုံသို့ သွားသည့် စစ်ကောင်စီအဖွဲ့ကိုကော်သူးလေအာမီ-KTLA က နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KTLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့က ပြောသည်။ ထားဝယ်မြို့မှ ဖောင်းတောသို့ သွားရောက်စဉ် ဇွန်လ ၂ဝရက် မွန်းလွဲ ၂နာရီခန့်က လမ်းခုလတ်ရှိ မိုင် ၄ဝတွင် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဇွန် ၂၁ရက် နံနက်ပိုင်းတွင်လည်း မိုင် ၄ဝသို့ မရောက်မီ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့က မြေသယ်ကားများဖြင့် လာခြင်းဖြစ်သလို ခြေလျင်စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းသည့် ပုံစံဖြင့် လိုက်ပါလာကြောင်း KTLA မှ တာဝန်ရှိသူတစ်ဦးနှင့် ထားဝယ်စုပေါင်းစစ်ကြောင်းက တာဝန်ရှိသူ ကိုရေလှိုင်းတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်နှင့်အတူ ဦးပိုင်ကုမ္ပဏီက တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အရာရှိများပါ […]