စစ်ကောင်စီက ကလိန်အောင်-ကံပေါက်လမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ကန့်သတ်
Dawei Watch
July 3, 2023ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ ကံပေါက်ကျေးရွာအုပ်စုသို့ သွားသည့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ကန့်သတ်လိုက်ကြောင်း ခရီးသည်အချို့ကပြောသည်။ ယနေ့ (ဇူလိုင် ၃) မနက်အစောပိုင်းမှစပြီး ကလိန်အောင်- ကံပေါက်လမ်းပိုင်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ယနေ့ မနက် ၆ နာရီဝန်းကျင်အချိန်တွင် မောရဝတီရေတပ်မှ စစ်ကား ၆ စီးထွက်ခွာသွားပြီး ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် နေရာလေးခုခွဲကာ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း ခရီးသည်တို့ပြောဆိုသည်။ ကံပေါက်လမ်းဆုံအနီး၊ ဂန့်ဂေါ်တောင်ရွာအဝင် ၊ ဂန့်ဂေါ်တောင်ဘုန်းကြီးကျောင်းအနီးနှင့် သစ်တောရုံးလမ်းဆုံ စသည့်နေရာတို့တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ခရီးသည်တင်ကားတွေရော၊ စျေးကားတွေရော အားလုံးပြန်လှည့်လာရတယ်။ ဒါတောင် ကံပေါက်က ကားမှ အဝင်လက်ခံတယ်။ ထားဝယ်ဘက်က ကားတွေအဝင်မရဘူး” ဟု လမ်းပိတ်ဆို့ခံခဲ့ရသည့် ကားသမားတစ်ဦးကပြောသည်။ ကံပေါက်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်လိုင်းများလည်း ရပ်နားထားရသည်ဟုဆိုသည်။ အဆိုပါ […]