လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦး ကျဆုံး
Dawei Watch
July 7, 2023လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF က ရဲဘော်နှစ်ဦး တာဝန်ထမ်းဆောင်ရင်းက ရောဂါအခံကြောင့် နေမကောင်းဖြစ်ပြီး ကျဆုံးခဲ့ကြောင်း ယင်းတပ်ဖွဲ့က ဇူလိုင်လ ၆ ရက်တွင် သတင်းထုတ်ပြန်သည်။ ” ရောဂါအခံကလည်းရှိတယ်ဆိုတော့” ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကျဆုံးခဲ့သည့် ရဲဘော်ကြွက်နီမှာ စစ်အာဏာရှင်စနစ်တိုက်ပွဲတွင် တာဝန်ထမ်းဆောင်ရင်း ဇွန်လဆန်းပိုင်းခန့်က ကျဆုံးခဲ့ကြတာဖြစ်ပြီး ရဲဘော်ကျေးငှက်မှာ အခုလ ၂ ရက်ခန့်က ကျဆုံးခဲ့တာဖြစ်သည်ဟု LLPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ဇွန်လ ၁၂ ရက်ကလည်း လောင်းလုံးမြို့နယ်၊ သဲပုံရွာ(အင်းဝတောင်)တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ချိန် လက်နက်ကြီးမတော်တဆဖြစ်ပြီး ရဲဘော်ဆီဗူးကျဆုံးခဲ့သေးသည်။