ထားဝယ်တွင် Facebook အကောင့်ခိုးပြီး ငွေလိမ်မှု အဖြစ်များလာ
Dawei Watch
July 12, 2023လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် Facebook အကောင့်ကို ခိုး(ဟက်)ယူပြီး ငွေလိမ်မှုများ ထားဝယ်ဒေသတွင် ခပ်စိပ်စိပ်ဖြစ်လာနေကြောင်း စုံစမ်းသိရှိရသည်။ လတ်တလောတွင် ထားဝယ်ဒေသမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ Facebook အကောင့်ကိုခိုးယူပြီး အသိမိတ်ဆွေများထံမှ ငွေလိမ်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။ အဆိုပါစီးပွားရေးလုပ်ငန်းရှင်၏ မိတ်ဆွေက Facebook မက်စင်ဂျာမှပို့လာသည့် စာနှင့်အတူပါရှိသည့် လင့်ခ်ကို နှိပ်မိရာမှ အကောင့်ခိုးခံရပြီး ငွေလိမ်သွားခြင်းဖြစ်သည်။ ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်ထံ “လူလိမ်ဆိုပြီး Post တင်ခံထားရတာတွေ့တယ်။ တော်တော်တူတယ်။ ဟုတ်မဟုတ်တော့ သေချာမသိဘူး။ တွေ့ပြီးပြီလား။ တွေ့လို့သတိလာပေးတာပါ။ အောက်က Post မှာပါ” ဟုရေးသားထားသည့် စာနှင့်တွဲဖက်၍ အကောင့်လင်ခ်တစ်ခုကို ပေးပို့ခဲ့သည်။ ယင်းလင့်ခ်ကို နှိပ်မိရာမှ Facebook အကောင့်ခိုးယူခံရပြီး စီးပွားရေးလုပ်ငန်းရှင်အကောင့် အပါအဝင် စီးပွားရေးပါတနာငါးဦးခန့်၏ အကောင့်များကိုပါဟက်ကာ အကောင့်ခိုးယူထားသူက အပြန်အလှန် ငွေချေးခဲ့ခြင်းဖြစ်သည်။ ထူးခြားချက်မှာ အကောင့်ဟက်ခံထားရသည့် […]