BREAKING
March 10, 2025

ထားဝယ်

ထားဝယ်မြို့အနီး လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေ၊ ရွာအနီးကျရောက် ပေါက်ကွဲ

Dawei Watch

July 14, 2023

ထားဝယ်မြို့အနီးတွင် ယနေ့ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံစွာထွက်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။ လက်နက်ကြီးအချက်ရေ ဆယ်နှင့်ချီ ပစ်ခတ်သံများထွက်ပေါ်နေပြီး အဆိုပါလက်နက်ကြီးပစ်ခတ်သံကို ထားဝယ်မြို့ပေါ်က ကြားနေရခြင်းဖြစ်သည်။ အဆိုပါလက်နက်ကြီးသံတို့မှာ ထားဝယ်မြို့မှ ငါးမိုင်ခန့်အကွာ ဇဟာကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများ ရှိနေကြာင်း ‌ဒေသခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ အိမ်ထဲကနေအိမ်ပြင်တောင် မထွက်ရဲဘူး” ဟု ဇဟာ‌ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။ အလား‌တူ လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာဖက်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “လက်နက်ကြီးတွေက ထိန်တွင်းရွာကိုကျော်ပြီး ခမောင်းတောင်ဘက်မှ သွားကျနေတာ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။ အနီးနားကျေးရွာက […]

တနင်္သာရီတိုင်းတွင် စပါးဖျက်ရွှေခရုကျရောက်မှုပိုများလာ

Dawei Watch

July 13, 2023

တနင်္သာရီတိုင်းရှိ လယ်ကွက်များထဲသို့ စပါးဖျက်ရွှေခရု ကျရောက်မှု ယခုနှစ်တွင် ပိုများလာသည်ကို‌တွေ့ရကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ ရွှေခရုကျရောက်မှုများလာသည့်အပြင် ရွှေခရုကျရောက်သည့် နေရာများပါ ပိုကျယ်ပြန့်လာကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့တွင် ၂၀၁၉ ခုနှစ်ကတည်းက ရွှေခရုစတင်တွေ့ရှိခဲ့ပြီး သတိပေးခဲ့သော်လည်း နှိမ်နင်းမှုအပိုင်းတွင် အားနည်းခဲ့ ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်‌ရေးတာဝန်ခံက ပြောသည်။ တောင်သူများမှာ ဖမ်းယူစားသုံးသူများကြပြီး ဟင်းအမယ်အဖြစ် ရှုမြင်ကြသဖြင့် နှိမ်နင်းရာတွင် အားနည်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ “အခုဆိုရင် မြိတ်မှာ (ရွှေခရုနဲ့ ပတ်သတ်ပြီး) သဲကြီးမဲကြီး ဖြစ်လာပြီ” ဟု ၎င်းက ဆိုသည်။ ၂၀၁၉ တွင် မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုရှိ လယ်တို့တွင် ရွှေခရုဖျက်ဆီးသဖြင့် လယ်ကွင်းတစ်ခုလုံး ပျက်စီးသည့် အနေအထားရှိခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာတွင်လည်း နွေစပါးစိုက်တောင်သူအချို့တွင် […]

ထားဝယ် ဇဟာရွာအနီးတွင် စစ်ကောင်စီတပ်ကား တိုက်ခိုက်ခံရ

Dawei Watch

July 13, 2023

ထားဝယ်မြို့နယ် ဇဟာကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကားတစ်စီးကို DGRF က ဇူလိုင်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၂ရက်တွင် ထုတ်ပြန်ထားသည်။ ဇဟာရွာအခြေစိုက် အမြောက်တတပ် (၃၀၂) တပ်ရင်းက ရေး-ထားဝယ်ကားလမ်းအတိုင်း ထွက်လာသည့် စစ်ကောင်စီတပ်ကားကို Dawei Guerrilla Revolutionary Force-DGRF၊ တပ်ခွဲ ၂ (ထားဝယ်-ပကဖ) က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်မှုကြောင့် ယာဉ်မောင်းဖြစ်သူ ကျည်ဆန်ထိမှန်ခဲ့ပြီး ကားမှာ လမ်းဘေးထိုးဆင်းသွားကြောင်း ရုပ်သံမှတ်တမ်းဖြင့်တကွ ထုတ်ပြန်ထားသည်။ လက်နက်သွားကောက်ရန် ကားအနီးသို့ ချဉ်းကပ်စဉ် ‌အမြာက်တပ်ရင်းထဲက စစ်ကောင်စီတပ်သားများက လယ်ကွင်းကို ဖြတ်ပြီး စစ်ကူလာခြင်းနှင့် DGRF အဖွဲ့ဘက်က လက်နက်ချို့ယွင်းမှုဖြစ်သွားသဖြင့် ပြန်လည်ဆုတ်ခွာလာရကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက […]

မောင်းမကန်နယ်မြေရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

July 13, 2023

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်း ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲကျော်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ နံနက် ၃ နာရီခွဲကျော်မှ ၄ နာရီခွဲခါနီးအထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။ မောင်းမကန်နယ်မြေရဲစခန်းဘက်က ပစ်ခတ်သံများကြားရပြီးနောက် မောင်းမကန်ကမ်းခြေ ပင်လယ်ပြင်သို့ စစ်သင်္ဘောတစ်စီး ရောက်ရှိလာကြောင်း ကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ပစ်သံတွေ ကြားပြီးတာနဲ့ စစ်သ‌င်္ဘောရောက်လာတာပဲ။ ကျွန်တော်ထင်တာ ရဲစခန်းကိုလာပစ်လို့ပဲ ရောက်လာတာလားပေါ့လေ” ဟု ၎င်းက ဆိုသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။ မောင်းမကန်နယ်မြေရဲစခန်းသည် မောင်းမကန်မှ ပန်းတင်အင်းရွာသွားသည့်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် […]

လောင်းလုံး ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို စစ်ကောင်စီတပ်က ယနေ့ ဇူလိုင်လ ၁၂ ရက် ညနေ ၆ နာရီဝန်းကျင်တွင် မီးရှို့လိုက်ကြောင်း ဒေသခံအချို့ကပြောသည်။ စက်သုံးဆီဆိုင်တစ်ဆိုင်၊ ပျဉ်ထောင်အိမ်တစ်လုံးနှင့် အခြားအိမ်‌တစ်ဆောင် စုစုပေါင်းသုံးဆောင် မီးရှို့ခံထားရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “အခုမီးရှို့ခံရတဲ့အိမ်တွေက ရွာပြင်မှာရှိတဲ့အိမ်တွေပါတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။ ရွာသားအချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းပြီး သံသယရှိသူများကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ဆိုသည်။ လူ‌ဦးရေမည်မျှ ဖမ်းဆီးခံထားရသည်ကိုမူ လတ်တလောတွင် မသိရသေးပေ။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် ရွာထဲတွင် လူအနည်းငယ်သာကျန်ရှိတော့ကြောင်းလည်း ဆက်လက်ပြောဆိုသည်။ ယနေ့ နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်က နခံတောကျေးရွာရှိ တောင်ထိပ်တစ်နေရာသို့ရောက်လာပြီး တပ်စွဲနေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် နခံတောရွာနှင့် တဆက်တည်းရှိသည့် ခမောင်းတောင်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် […]

လောင်းလုံး ခမောင်းတောင်ရွာက လက်နက်ကြီးကျည်စထိမှန်သည့် အမျိုးသမီးငယ်သေဆုံး

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ရွာတွင် ယနေ့ ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက လက်နက်ကြီးကျည်စထိမှန်သည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နခံတောရွာနှင့် တစ်ဆက်တစ်စပ်တည်းတည်ရှိသည့် ခမောင်းတောင်ရွာတွင် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ခမောင်းတောင်ရွာသူ အသက် ၁၈ နှစ်အရွယ်ရှိ မီးငယ်ဟား (ခေါ်) မယဉ်ဌေးတွင် ဦးခေါင်း ကျည်စထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီး အသံကြားလို့ ထွက်ပြေးရင်းနဲ့ လမ်းပေါ်ကျလာတဲ့ လက်နက်ကြီးကျည်ဆံစက သူကိုထိမှန်ခဲ့‌တာ” ဟု […]

လောင်းလုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ခမောင်းတောင်ရွာသူတစ်ဦးဒဏ်ရာရ

Dawei Watch

July 12, 2023

လောင်းလုံးမြို့နယ် နခံတောကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင်လ ၁၂ရက် နံနက် ၉နာရီခန့်မှ စတင်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ခမောင်းတောင်ရွာသူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးခန့် ဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ နခံတောနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် ခမောင်းတောင်ရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရထားကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့သည် နခံတောကျေးရွာ၊ ခမောင်းတောင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်တွင် နေရာယူထားပြီး နခံတောတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၁၀ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ […]

ထားဝယ်ထောင် ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ဟုဆို

Dawei Watch

July 12, 2023

ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီ နယ်လုံဝန်ကြီးနှင့် စစ်ကောင်စီတပ်သားများ ဇူလိုင်လ ၁၁ ရက်နေ့က ဝင်ရောက်စစ်ဆေးမှုအပြီး ထောင်ဝန်ထမ်းအချို့ဆီမှ မူးယစ်ဆေးဝါးများတွေ့ရှိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံက သိရသည်။ စစ်ကောင်စီ၏ တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်းကိုယ်တိုင် ဝင်စစ်ခြင်းဖြစ်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထောင်ဝန်ထမ်းတွေမှာ ကိုယ်တိုင် မူးယစ်ဆေးတွေတွေ့လို့ပြောတယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများကိုယ်တိုင် မူးယစ်ဆေးဝါးရောင်းချနေတာရှိသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပြောဆိုချက်များအရ သိရသည်။ “ထောင်ထဲမှာကတော့ အဲ့လိုပဲ၊ ထောင်ထဲမှာလည်း စစ်တာရှိသလို လူကြီးတွေလာတဲ့အခါ အဖွဲ့စုံနဲ့ စစ်ဆေးတာလည်းရှိတယ်။ ထောင်ဝန်ထမ်းတွေကိုယ်တိုင် မူးယစ်ဆေးရောင်းတာရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသား‌ဟောင်း တစ်ဦးကဆိုသည်။ မနေ့နေ့လယ်ပိုင်းက ထားဝယ်အကျဉ်းထောင်အတွင်းနှင့် အပြင်တွင် စစ်ကောင်စီတပ်သားများကို အင်အားအလုံးအရင်းနှင့်တွေ့ရပြီး ကား ၇ စီးခန့်ရှိသည်ဟုလည်း မျက်မြင်‌တွေ့သူအချို့၏ […]