BREAKING
March 9, 2025

ထားဝယ်

ထားဝယ်ထောင်တွင် စစ်တပ်က ထောင်ဝင်စာများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေဟုဆို

Dawei Watch

July 15, 2023

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအချို့ဆီက မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်သားများကို ထောင်ဝင်းအတွင်း လုံခြုံရေးချထားကာ ထောင်ဝင်စာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။ ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးမှုအပြီးတွင် ယင်းသို့တင်းကျပ်လိုက်ခြင်းဖြစ်သည်။ ယင်းသိုစစ်ဆေးရာတွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသူများထံမှ မူးယစ်ဆေးများတွေ့ရှိသဖြင့် စစ်ဆေးဖော်ထုတ်ရာ ထောင်ဝန်ထမ်းများဆီမှ ဝယ်ယူကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ထဲကို မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချသည့် ဝန်ထမ်းခြောက်ဦးကို ယင်းနေ့ကတည်းက ဖမ်းဆီးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ “မူးယစ်ဆေးဝါး လက်ဝယ်တွေ့တဲ့ ထောင်ဝန်ထမ်းခြောက်ယောက်ကို အဲ့ဒီနေ့တည်းက ဖမ်းသွားတယ်လို့တော့ ကြားတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။ ယင်းနေ့ကတည်းကပင် အကျဉ်းထောင်ဝင်းထဲ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး […]

ကံပေါက် သစ်တောရုံးလမ်းဆုံအနီး မိုင်းတွေ့၍ စစ်ကောင်စီ လုံခြုံရေးတင်းကျပ်

Dawei Watch

July 15, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ရွာ သစ်တောရုံးလမ်းဆုံအနီးတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ဖောက်ခွဲရှင်းလင်းနေကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့(ဇူလိုင် ၁၅) နံနက် ရှစ်နာရီခန့်က စတင်ကာ လုံခြုံရေးတင်းကျပ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။ “အဝင်အထွက်ပိတ်ထားတယ် မနက်ကတည်းကပဲ ဝင်မရဘူး”ဟု ၎င်းကပြောသည်။ ယနေ့နေ့လယ် ၁နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်က မိုင်းတစ်လုံးဖောက်ခွဲရှင်းလင်းပြီးကြောင်း ဒေသခံများထံမှာသိရသည်။ ကံပေါက်ရွာကို မနက် ရှစ်နာရီဝန်းကျင်ခန့်မှစပြီး အဝင်အထွက်ပိတ်ထားပြီး ယခုအချိန် (နေ့လယ် ၂ နာရီဝန်းကျင်)အထိ သွားလာခွင့်မပြုသေးပေ။ ယင်းကြောင့် ခရီးသည်များနှင့် ဒေသခံပြည်သူများ ကံကော်တောင်ရွာအနီးတွင် ၆ နာရီ‌ ကျော်ကြာအထိ စောင့်ဆိုင်းနေရကြောင်း သိရသည်။

ထားဝယ်ရေနက်ဆိပ်ကမ်း အနီးဝန်းကျင်ကို စစ်ကောင်စီ စစ်ကြောင်းထိုး၊ ဒေသခံဆယ်ဦးခန့်ဖမ်းထား

Dawei Watch

July 15, 2023

ထားဝယ်ရေနက်ဆိပ်ကမ်း တည်ရှိရာ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံဆယ်ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်။ ပြီးခဲ့သည့်ဇူလိုင်လ ၁၁ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယနေ့ လဲရှောင်ရွာ၊ ခမောင်းချောင်းရွာမှ ဒေသခံဆယ်ဦးကျော်ကို ဖမ်းဆီးထားကြောင်း၊ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “အမျိုးသမီးတွေကိုတော့ ပြန်လွှတ်ခဲ့တယ်။ အမျိုးသားတွေကိုပဲဖမ်းသွားတာ”ဟု ဒေသခံတစ်ဦးကပြောသည်။ ယမန်နေ့ည ကဖမ်းဆီးလာသည့် လဲရှောင်ရွာသားသုံးဦးထဲမှ အမျိုးသမီးတစ်ဦးကိုလည်း ခမောင်းချောင်းရွာတွင် ပြန်လွှတ်ပေးခဲ့သည်ဟုသိရသည်။ ဖမ်းဆီးခံရသူများမှာ စစ်ကြောင်းဝင်လာသည့်သတင်းကြောင့် ထွက်ပြေးခဲ့သော်လည်း လမ်းတစ်နေရာတွင် စစ်ကြောင်းနှင့် တိုက်ရိုက်တိုးမိပြီး ဖမ်းဆီးခံရခြင်းဖြစ်သည်ဟုဆိုသည်။ “သူတို့ရွာလမ်းအတိုင်းဝင်လာတာမဟုတ်ဘူး တောလမ်းအတိုင်းလာတာ “ဟု‌‌အခြားဒေသခံကဆိုသည်။ နဘုလယ်ဒေသသို့ စစ်ကြောင်းဝင်ပြီး နှစ်ရက်အကြာ ဇူလိုင်လ ၁၃ ရက်နေ့ကလည်း မရင်းကြီး၊ပရဒပ်၊ လဲရှောင်၊ထိန်ကြီးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟုသိရသည်။ “ရွာမှာတော့ အိမ်တံခါးတွေ ဖွင့်ထားပါ ထွက်မပြေးနဲ့ သူတို့ကို […]

ထားဝယ်ထွက် ဓနိသကြား ဈေးကောင်းရ

Dawei Watch

July 15, 2023

ထားဝယ်ထွက် ဓနိသကြား ပြီးခဲ့သည့်နှစ် ဇူလိုင်လကထက် ယခုနှစ်ဇူလိုင်လတွင် ဈေးနှစ်ဆကျော်တက်သွားပြီး ဈေးကောင်းရနေကြောင်း လောင်းလုံးမြို့နယ်ရှိ ဓနိသကြားချက်လုပ်သူများထံမှ သိရသည်။ ယမန်နှစ် ဇူလိုင်လက ချက်ပြီးသား ဓနိသကြားကော်‌ပုံးဝါတစ်ပုံးကို ကျပ် ၁၃၀၀ဝခန့်သာရှိရမှ ယခုနှစ်တွင် ၃၀၀၀ဝကျပ်အထိ ဈေးရလာကြောင်း ၎င်းတို့က ပြောသည်။ ဖောက်သည်ဝယ်ယူသူများလာခြင်းအပြင် သွင်းအားစုများနှင့် လုပ်သားငှားရမ်းခပါဈေးတက်လာသည့်အတွက်ကြောင့် လိုက်ပါဈေးတက်ရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ်ရှိ သကြားထုတ်လုပ်သူတစ်ဦးက ဆိုသည်။ “ဖိုထွက်ဆိုရင် သုံးသောင်း၊ လက်လီမှာဝယ်ရင်တော့ သုံးသောင်းနှစ်ထောင်လောက် ‌ပေါက်ဈေးရှိတယ်။ စာရင်းငှား အမျိုးသမီးတစ်ယောက်ကို မနှစ်က တစ်လကို ရှစ်သောင်းအများဆုံးပဲ။ အခုက ကိုးသောင်းလောက်ပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဓနိသကြားဈေးမှာ ယမန်နှစ်များထက်ပိုရသော်လည်း စားသောက်ကုန်ဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါက ငွေသာမြင်ရပြီး စုမိဆောင်းမိခြင်းမျိုး မရှိကြောင်း လောင်းလုံးမြို့နယ် ပန်းဒလဲ‌ရွာသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “မနှစ်က […]

ထားဝယ် ဒေါင်းငူဈေးအနီး ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

Dawei Watch

July 14, 2023

ထားဝယ်မြို့ ဒေါင်းငူရပ်ကွက် ဒေါင်းငူဈေးအနီးတွင် ယနေ့ ညနေက ညောင်ကိုင်းကျိုးကျပြီး အမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ ဇွန်လ ၁၄ ရက် ညနေ ၇နာရီခန့်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ညနေဈေး (ခေါ်) ဒေါင်းငူဈေးတွင် ဒူးရင်းသီးရောင်းသူ နှင့် ဝယ်သူအမျိုးသမီးနှစ်ဦး ဒဏ်ရာရကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ “ဈေးဘက်ထိုးထွက်နေတဲ့ ‌လုံးပတ် ၅ပေ အရှည်ပေ ၂၀ ရှိတဲ့ ညောင်ကိုင်းက ဈေးဘက်ကျိုးကျသွားတာ” ဟု ၎င်းက ဆိုသည်။ ညောင်ကိုင်းပိမိသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးနှစ်ဦးစလုံးမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီဖြစ်ကြောင်း အထက်ပါအဖွဲ့ထံမှ သိရသည်။ “တစ်ယောက်ကတော့ အသက် လေးဆယ်ကျော်လောက်ရှိမယ်။ သူကတော့ ခြေထောက်ဒဏ်ရာရထားတယ်။ ကျန်တစ်ယောက်က ကျွန်တော်တို့မရောက်ခင် သုံးဘီးနဲ့ ဆေးရုံတင်သွားလို့ […]

လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးရှိ ကျေးရွာခြောက်ရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

Dawei Watch

July 14, 2023

လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်ရှိ အနည်းဆုံး ကျေးရွာခြောက်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၂ ရက် နံနက် ၉ နာရီခန့်က လောင်းလုံးမြို့နယ် နခံတောကျေးရွာ ရပ်ခံတောင်ဘုရားကုန်းပေါ် တပ်လာစွဲ သည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း (၃၀၂) ကလည်း ထိန်တွင်း၊ ခမောင်းတောင်ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ လက်နက်ကြီးကျည်များမှာ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ မဲအုံနှောက် ကျေးရွာများဘက်ကို ကျရောက် ပေါက်ကွဲမှုရှိနေကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲမှာ လူကို မရှိကြတော့ဘူး။ […]

မလွှဲတောင်ဂိတ်တွင် အမျိုးသမီးကြီးတစ်ဦးထံမှ စိတ်ကြွဆေးပြား အလုံးရေ နှစ်သောင်းခန့် ဖမ်းမိ

Dawei Watch

July 14, 2023

ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက်ကိုလာသည့် ခရီးသည်တင်ယာဥ်တစ်စီးကို ရှာဖွေစစ်ဆေးစဥ် ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စိတ်ကြရူးသွပ်ဆေးပြား အပြား ၂၀၀၀၀ ကို ဖမ်းဆီးရမိခဲ့သည်ဟု မူးယစ်ဆေးဝါး အလွဲသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC) က ယနေ့(ဇူလိုင်လ ၁၄) သတင်းထုတ်ပြန်သည်။ တနင်္သာရီတိုင်းဒေသကြီး ၊ ရေဖြူမြို့နယ် ၊ မလွှဲတောင်စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၂ ရက်က ဖမ်းဆီးမိခြင်းဖြစ်ပြီး ခရီးသည်တင်ယာဥ်ပေါ်တွင် လိုက်ပါလာသည့် အသက် ၇၁ နှစ်အရွယ် ဒေါ်ခင်လှသိန်း(ခ) ဒေါ်မတွတ်ထံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။ ဒေါ်ခင်လှသိန်း ကို ကလိန်အောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။ ဇွန်လ ၂၃ ရက်ကလည်း မလွှဲတောင် စစ်ဆေးရေးဂိတ်တွင်ပင် အသက် ၄၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း […]

ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ပြန်လွှတ်နေ

Dawei Watch

July 14, 2023

လက်နက်ကြီးပစ်ခတ်သံများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထားဝယ်မြို့ထဲ စာသင်ကျောင်းအချို့ ယနေ့ နေ့ထက်ဝက်ဖြင့် ပြန်လွှတ်နေကြောင်း မြို့ခံအချို့က ပြောသည်။ နေ့လယ်ကျောင်းတက်ပြီး မကြာမီတွင် ပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။ ‌“(မွန်းလွဲ) ၁ နာရီကတည်းက အချို့မိဘတွေ ကျောင်းသွားကြိုနေကြပြီ။ ကျွန်မမှာ ကလေးနှစ်ယောက်က တစ်ယောက် တစ်ကျောင်းဆိုတော့ တစ်ယောက်ပဲကြိုရသေးတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ယနေ့ ‌မွန်းလွဲ ၂ နာရီအချိန်က ပြောဆိုသည်။ ပုဂ္ဂလိကကျောင်းအချို့လည်း အလားတူပြန်လွှတ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ ထားဝယ်မြို့အနီး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံ၊ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသံများဖြင့် ဆူညံနေပြီးနောက် ယခုကဲ့ကျောင်းများကို နေ့ထက်ဝက်ဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်။