ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာတွင် တိုက်ပွဲဖြစ်
Dawei Watch
July 17, 2023သရက်ချောင်းမြို့နယ်တွင် ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာအနီးတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။ ယင်းနေ့ မွန်းလွဲ ၁နာရီဝန်းကျင်က ပဲဒက်ကျေးရွာဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား သုံးစီးပေါ်တွင် လိုက်ပါလာသည့် ပျူစောထီးအဖွဲ့ဝင် ငါးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပျူစောထီးအဖွဲ့ဝင်များကို ဖမ်းဆီးပြီး ကျန်ခရီးသည်များကို လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။ ပျူစောထီးအဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ရငဲကျေးရွာ မြွေတောင်ပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ […]