ခမောင်းတောင် စခန်းကြီးကြားတိုက်ပွဲတွင် PDF သုံးဦးကျဆုံး
Dawei Watch
July 27, 2023လောင်းလုံးမြို့နယ်၊ခမောင်းတောင်ရွာနှင့် စခန်းကြီးကျေးရွာကြားတွင် ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်နှင် ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့သည်။ ယင်းတိုက်ပွဲတွင် လောင်းလုံးမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ကိုအဲ့၊ ရဲဘော်F-One နှင့် ရဲဘော်ဝတုတ် တို့ သုံးဦးကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF အဖွဲ့က ယနေ့(ဇူလိုင် ၂၇) ထုတ်ပြန်သည်။ “ကျွန်မတို့ရွာနားကတိုက်ပွဲမှာ သုံးဦးကျဆုံးတယ်လို့ ကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။ နခံတောရွာနှင့် ခမောင်းတောင်ရွာကြားတွင် ဇူလိုင်လ ၁၂ ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား စစ်ရေးတင်းမာနေပြီး ဇူလိုင်လ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ ဇူလိုင်လ ၁၂ ရက်နေ့လည်း ဒေသခံ ခမောင်းတောင်ရွာသူ အမျိုးသမီးငယ်တစ်ဦး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့်သေဆုံးခဲ့ရသလိုဇူလိုင် ၁၆ […]