လောင်းလုံး တောင်မင်းပြောင်ရွာသားတစ်ဦး ပစ်သတ်ခံရ
Dawei Watch
July 31, 2023လောင်းလုံးမြို့နယ်၊ တောင်မင်းပြောင်ရွာတွင် အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ကိုပိုင်သူဆိုသူဖြစ်ပြီး ဇူလိုင်လ ၃ဝရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ၎င်း၏ နေအိမ်အနီးသို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူ့အလောင်းက ဒီနေ့ (ဇူလိုင်လ ၃၁) မွန်းတည့်ပိုင်းမှာပဲ ရတယ်။ သူတို့အိမ်နဲ့ မနီးမဝေးပါပဲ” ၎င်းဒေသခံက ပြောသည်။ သေဆုံးသူသည် ယခင်က မူးယစ်ဆေးဝါးအမှုဖြင့် ထောင်နှစ်ရှည်ကျခဲ့ဖူးပြီး ၂ နှစ်ကြာပြီးနောက် လွတ်ငြိမ်း ချမ်းသာ ခွင်ဖြင့် ပြန်လွတ်လာကာ တောင်မင်းပြောင်ရွာတွင် မော်တော်ဆိုင်ကယ်ပြင်သည့် လုပ်ငန်းဖြင့် အသက်မွေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကိုပိုင်သူအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ကို အသေးစိတ် မသိရသေးပေ။ ဇူလိုင်လ ၂၂ ရက်နေ့ […]