ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ကွယ်လွန်
Dawei Watch
August 3, 2023ထားဝယ်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးအောင်ဝင်းသည် ဩဂုတ်လ ၃ ရက်နေ့ (ယနေ့) နံနက်တွင် ကွယ်လွန်သွားကြောင်း ၎င်းနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ အသက် ၆၈ နှစ်အရွယ် ဦးအောင်ဝင်းသည် ပါးစောင်ကင်ဆာရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။ “အခြားသူတွေက ဖျောင်းဖျသေးတယ်။ (စစ်ကောင်စီဆီ) လက်မှတ်ထိုးလိုက်ပေါ့လေ။လက်မှတ်ထိုးပြီးရင် ရွာမှာပဲ အေးအေးဆေးဆေး ဆေးကုသပါပေါ့။ ဒါပေမဲ့ သူကတော့ လုံးဝမရဘူး။ဒီအတိုင်းပဲ ကြိတ်မှတ်ပြီးရသလိုရုန်းကန်ပြီး နေတယ်”ဟု အထက်ပါ နီးစပ်သူက ပြောသည်။ ၎င်းသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဟန်းဝတ်ဖြင့်တိမ်းရှောင်နေရင်း ကွယ်လွန်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးအောင်ဝင်းသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ထားဝယ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ထိုနောက် ကမြောကင်းတံတားဟောင်းဘေးတွင် ထားဝယ်မြစ်ကူးတံတားအသစ်ဆောက်ရန် လွှတ်တော်တွင် အဆိုတင်သွင်းခဲ့သူဖြစ်သည်။ ၂၀၂၀ […]