သရက်ချောင်းတွင် ယာဉ်တိုက်မှုဖြစ် အမျိုးသမီးကြီး တစ်ဦးသေဆုံး
Dawei Watch
August 5, 2023သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာနှင့် ရန်တောင်ရွာကြား တောင်ထိန်တောင်ဘုရားအနီး လမ်းပိုင်းတစ်နေရာ တွင် ယနေ့(ဩဂုတ် ၅)ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာ အမျိုးသမီးကြီးတစ်ဦးသေဆုံးခဲ့သည်ဟု ဝံသပါလပရဟိတ လူမှုကူညီရေးအသင်း(သင်္ကျွန်းရွာ) ထံမှသိရသည်။ သေဆုံးသူမှာ ညောင်ဇင်ရွာနေ အသက် ၇၂ အရွယ်ရှိ ဒေါ်သန်းမြဆိုသူဖြစ်သည်။ ထားဝယ်ဘက်မှာလာသည့် ခရီးသည်တင်မှန်လုံယာဉ်နှင့် သရက်ချောင်းမြို့ဘက်မှ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့ မျက်နှာခြင်းဆိုင်တိုက်မိခြင်းဖြစ်ကြောင်း ဝံသပါလ ပရဟိတလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။ ယင်းဆိုင်ကယ်ကို အသက် ၁၇ နှစ်အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးက မောင်းနှင်လာခြင်းဖြစ်ပြီး ဆိုင်ကယ်နောက်တွင် လိုက်ပါလာသည့် အမျိုးသမီးကြီးမှာ နေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “အမျိုးသမီးကြီးက ကားအောက်ဝင်သွားတယ်။ ညှပ်ရိုးကျိုး၊ပေါင်ကျိုးဒဏ်ရာနဲ့ သေဆုံးသွားတယ်”ဟု အထက်ပါတာဝန်ရှိသူ ကပြောသည်။ ဒဏ်ရာရရှိသူအမျိုးသမီးငယ်ကို ညောင်ဇင်ကျေးရွာမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးလိုက် ကြောင်းသိရသည်။ သေဆုံးသူအမျိုးသမီးကြီး၏ […]