ရေဖြူ ဧကနိရွာကို စစ်ကောင်စီတပ်က မီးရှို့
Dawei Watch
August 14, 2023ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲရှိ ဧကနိရွာကို စစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၀ နာရီခန့်ကစပြီး မီးရှို့နေကြောင်း ဒေသခံများက ပြောသည်။ လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ်၍ မီးရှို့နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “နေအိမ် ၃၀ လောက်ရှိပြီလို့ သိရတယ်။ အဝေးကမြင်တာကတော့ တော်တော်များတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့ နံနက် ၁ဝနာရီခန့်ကစပြီး ဧကနိရွာအနီးတွင် ပစ်ခတ်သံများ မိနစ်အနည်းငယ်ကြာ ကြားရပြီးနောက် မီးခိုးလုံးများ တက်လာခြင်းဖြစ်ကြောင်း ၎င်းဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် နဘုလယ်ဒေသကို ဩဂုတ်လ ၈ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဧကနိကျေးရွာ အုပ်စုဖြစ်သော ဧကနိ၊ ရငဲ၊ ဝါးဇွမ်းတော၊ ကုန်းသာယာအင်းစသော ကျေးရွာလေးရွာကိုမူ ဩဂုတ်လ ၉ ရက်တွင် […]