လောင်းလုံးတွင် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်
Dawei Watch
December 31, 2024စစ်ရေးတင်းမာနေသည့် ကျောက်နီမော်ကျေးရွာအောက်ဘက် အောက်ကျောက်ဝပ်ကျေးရွာတွင် စစ်ကောင်စီတပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။ စစ်ဘေးရှောင်နေရာမှ ရွာဘုန်းကြီးကိုထွက်လာရှာသည့် အောက်ကျောက်ဝပ်ရွာသား ၇ ဦးကို ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်က မြောက်ကျောင်းအနီး၌ ဖမ်းဆီးသွားကြောင်း၊ ၎င်းတို့အနက် ၃ ဦးမှာ အသတ်ခံရကာ ကျန် ၄ ဦးနှင့် ဘုန်းကြီး ၃ ပါးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း လွတ်မြောက်လာသူ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသခံတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်၏ နှိပ်စက်သတ်ဖြတ်ခြင်းခံရသူသုံးဦးမှာ အောက်ကျောက်ဝပ်ရွာသား ဦးသားသား၊ ကိုခင်မောင်မျိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ဖြစ်သည်။ “အောက်ကျောက်ဝပ် မြောက်ကျောင်းနားမှာပဲ ပစ်သတ်ခံရတယ်၊ သူတို့အလောင်းတွေကိုတော့ မနေ့က သူတို့စစ်ကြောင်း ကျောက်မတ္တပ်ဖက်ရွှေ့သွားတဲ့အချိန်မှာ ခိုးပြီးတော့ မြေမြှုပ်လိုက်ပြီ”ဟု ဒေသခံတစ်ဦးကပြောသည်။ ပြန်လည်ထွက်ပြေးလွတ်မြောက်လာသည့် ဦးဂျပန်၊ ဦးကျော်စိုး၊ ဦးဝင်းတို့သုံးဦးနှင့် ဘုန်းကြီးနှစ်ပါးမှာ စစ်ကောင်စီတပ်၏ […]