သရက်ချောင်းက အမျိုးသမီးနှစ်ဦးကို သတိပေးခံရ၊ စွပ်စွဲချက်ကို ကာယကံရှင်ငြင်း
Dawei Watch
August 19, 2023သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာက အမျိုးသမီးနှစ်ဦးသည် စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟုဆိုကာ ဩဂုတ်လ ၁၈ရက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက သတိပေးထားသည်ကို တွေ့ရသည်။ မမီးချောနှင့် မဇင်မာသက်တို့သည့် စစ်ကောင်စီသတင်းပေးနေသူများဖြစ်ပြီး လက်ညိုးထိုးမှုကြောင့် ပိန်းတောရွာက ဒေသခံအချို့ဖမ်းဆီးခံရတာတွေရှိကြောင်း သတိပေးစာတွင် ရေးသားထားသည်။ အဆိုပါ သတိပေးစာအပေါ်တွင် ကျည်နှစ်တောင့်နှင့် ပစ်စတိုသေနတ်တစ်လက်တင်ထားသည့် ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်အချို့က လူမှုကွန်ရက်တွင် ပို့စ်တင်ထားသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ကို သတင်းပေးနေတာကြောင့် သတိပေးရခြင်းဖြစ်ကြောင်း စာတွင် ရေးသားထားသည်။ “အဲ့ဒီကိစ္စကို လိုက်နေတဲ့ မြေပြင်က ရဲဘော်တော်တော်များများသိတယ်။ မိန်းမသားတွေ ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ဘက်က သတိပေးရခြင်းဖြစ်တယ်” ဟု အထက်ပါအဖွဲ့မှ ရဲဘော်တစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးနှစ်ဦးမှာ တော်လှန်ရေးအင်အားစုထဲက ရဲဘော်အချို့နှင့် ခင်မင်ရင်းနှီးကြသလို တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ကို သတင်းပေးနေကြောင်း ၎င်းက ပြောဆိုသည်။ ၎င်းတို့နှစ်ဦးသည် မိန်းမသားများဖြစ်သည့်အတွက် […]