သရက်ချောင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်
Dawei Watch
August 25, 2023သရက်ချောင်းမြို့နယ်၊ ကမြိုင်ရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မနေ့က ညနေပိုင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့နှင့် ဒေသခံအချို့က ပြောသည်။ တောင်ပျောက်တိုက်နယ် ဝင်းကဖော်အနောက်ကမ်းမှ ပြန်ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဩဂုတ်လ ၂၄ ရက် မွန်းလွဲပိုင်းတွင် ဝင်းဝရွာဘက်မှ မင်းဒပ်၊ ကမြိုင်၊ ရငဲရွာဘက်ကို ခြေလျှင်ခရီးဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲလာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က ပြောသည်။ ညနေ ၃ နာရီခန့်တွင် ကမြိုင်ရွာနှင့် ရငဲရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “မိုင်းဆွဲခံရပြီးတဲ့နောက်မှာ ပစ်ခတ်မှုဖြစ်ကြတယ်၊ ပစ်ခတ်မှုဖြစ်တာ ၁ နာရီလောက်ကြာတယ်” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၂ ရက်မှစပြီး ရငဲရွာမြွေတောင်တွင် နှစ်လကျော်ကြာတပ်စွဲနေထိုင်ခဲ့သည့် […]