ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းဝင်သဖြင့် ကျေးရွာအချို့ပြောင်းရွှေ့
Dawei Watch
September 6, 2023ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာသောကြောင့် ကျေးရွာအချို့ပြောင်းရွှေ့နေကြကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သား အင်အားတစ်ရာဝန်းကျင်သည် မြေတင်ကား သုံးစီးဖြင့် ယနေ့ စက်တင်ဘာလ ၆ ရက် နံနက်၃ နာရီခန့်မှစ၍ ထားဝယ်ရေနက်ဆိပ်ကမ်းရဲစခန်းကို ရောက်ရှိလာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားတွေက ပြန်ထွက်သွားပြီ။ နည်းနည်းပဲပြန်ပါသွားတယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ (ရွာတွေကို စစ်ကြောင်းထိုးမထိုး) အခြေအနေစောင့်ကြည့်နေရတယ်” ဟု ၎င်းကပြောဆိုသည်။ စစ်ကြောင်းရောက်ရှိလာသောကြောင့် ခမောင်းချောင်း ၊ ဧကနိ၊ ဝဇွမ်းတော စတဲ့ကျေးရွာအချို့က ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်တော်တို့ ဧကနိရွာကတော့ ရွာထဲမှာ လူမနေရဲတော့ဘူး”ဟု ရွာသားတစ်ဦးကပြောသည်။ အခြား ကျေးရွာအချို့က ဒေသခံတို့မှာ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသေးဘဲ အခြေနေစောင့်ကြည့်နေကြသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် ဩဂုတ် ၈ ရက်နေ့က တစ်ကြိမ် […]