ထားဝယ်တွင် စိတ်ဝေဒနာရှင်လူငယ်က ရေတွင်းထဲပစ်ချသဖြင့် KG ကျောင်းသူသေဆုံး
Dawei Watch
September 13, 2023ထားဝယ်မြို့နယ် သဗြေချောင်းရွာတွင် စိတ်ဝေဒနာခံစားနေရသည့်လူငယ်တစ်ဦးက ရေတွင်းထဲပစ်ချခဲ့သဖြင့် အသက် ၆နှစ်အရွယ် KG ကျောင်းသူကလေးငယ်တစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ကျောင်းသူကလေးငယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့တွင် ညနေပိုင်းရောက်ချိန်အထိ အိမ်သို့ပြန်မလာသဖြင့် လိုက်လံရှာဖွေကြရာ အသက် ၂၀ကျော်အရွယ် ကိုလှိုင်ဇင်စိုးဆိုသူ ခေါ်ဆောင်သွားသည်ဟု သိရကြောင်း ဒေသခံတို့က ဆိုသည်။ အဆိုပါလူငယ်ကို စစ်ဆေးမေးမြန်းရာ ၎င်းပစ်ချထားခဲ့သည်ဆိုသည့် သဗြေချောင်းရွာရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၁ အနီးက ရေတွင်းထဲ၌ ရုပ်အလောင်းကို တွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရေတွင်းမှာ တွေ့တယ်။ အလောင်းကတော့ မနက်မှ (ထားဝယ်) ဆေးရုံ ပို့လိုက်တာလို့သိရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသည့် ကျောင်းသူကလေးငယ်၏ မိဘနှစ်ပါးမှာ ကွဲကွာထားကြသဖြင့် ကလေးငယ်မှာ အဘိုးအဘွားဖြစ်သူတို့နှင့် ၄၀၁ […]