ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို LPDF အဖွဲ့တစ်ခုကဖမ်းဆီး၊ ပြန်လွှတ်ပေးရန် ပအဖညှိနှိုင်း
Dawei Watch
September 17, 2023ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး(ကြယ်တောင်) ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ “အရေးပေါ်ကားတွေကို လမ်းမှာတားပြီး ကိုနိုင်မျိုးသွင်ကို စစ်ဆေးစရာရှိလို့ဆိုပြီး အေးအေးဆေးဆေး ရယ်ရယ်မောမောပဲ ပြောပြီးခေါ်သွားတာ။ မှည့်တစ်ပေါက် မစွန်းစေရဘူးလို့လည်း ပြောသွားတယ်” ဟု ဇမ္ဗူသီရိနှင့် နီးစပ်သူက ပြောသည်။ ထိုသို့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့နံနက်တွင်မူ ဦးနိုင်မျိုးသွင်က ၎င်း၏ဇနီးဖြစ်သူထံ ဖုန်းဆက်လာကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။ “သူ့မိန်းမဆီ ဖုန်းဆက်ပြီး အားလုံးအဆင်ပြေတယ်။ အားလုံးအေးဆေးပဲလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း […]