လောင်းလုံးတွင် လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖမ်းဆီး
Dawei Watch
September 23, 2023လောင်းလုံးမြို့တွင် အစစ်ဆေးကြမ်းသည့် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အသက်၂၀ ကျော်အရွယ် မြို့ခံလူငယ်အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။ လောင်းလုံးမြို့ (ဂ) ရပ်ကွက်တွင် နေထေိုင်သော ကိုအောင်ကိုဝင်းနှင့် ကိုကျော်စိုးနိုင်တို့နှစ်ဦးကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် နေအိမ်များကို စီးနင်း ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။ လူငယ်တစ်ဦးကို စရဖ ရုံးတွင် စစ်ဆေးနေသည်ဟု ကြားသိရပြီး ကျန်တစ်ဦးကို ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါလူငယ်အမျိုးသားနှစ်ဦးကို မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လောင်းလုံးမြို့ (ဃ) ရပ်ကွက် အခြေခံပညာအတန်းကျောင်းရှေ့တွင်ရှိသော စစ်ဆေးရေးဂိတ်ကို စက်တင်ဘာလ ၂၁ ရက်နေ့က PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့သည်။ […]