ရန်ကုန်-ထားဝယ်လမ်းပိုင်း ညပိုင်းအသုံးမပြုရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၃ ခု ထပ်သတိပေး
Dawei Watch
September 26, 2023ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမကို ညပိုင်း (ညနေ ၆ နာရီမှ မနက် ၆ နာရီအထိ) ဖြတ်သန်းသွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ခုက သတိပေးချက် ထပ်မံထုတ်ပြန်လိုက်သည်။ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့(DGRF)၊ ဝေဟင်တပ်ဖွဲ့ နှင့် ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့ DDT တို့က စက်တင်ဘာလ ၂၂ ရက် နှင့် ၂၄ ရက်တွင် ထုတ်ပြန်ချက်များထုတ်ပြီး ထပ်မံ သတိပေးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်-ထားဝယ်လမ်း ရေဖြူအပိုင်းတွင် စက်တင်ဘာလ ၂၃ ရက် ည ၈နာရီ အချိန်က ရေးမြို့ဘက်မှ ထားဝယ်မြို့ဘက် မောင်းနှင်လာသည့် ကားတစ်စီး ကို အသံမိုင်းဖြင့် သတိပေးခဲ့ကြောင်း စက်တင်ဘာလ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ ၂၂ ရက်ကတည်းက စာနဲ့သတိပေးပြီးပါပြီ။ ၈နာရီကျော်ပြီးမှ […]