လောင်းလုံး လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး
Dawei Watch
January 6, 2025လောင်းလုံးမြို့မှ စမ်းလှမ်းကျေးရွာ ကမ်းခြေဘက်သို့ သွားသည့်လမ်းပိုင်းတွင်ရှိသော စစ်ကောင်စီ လက်ခတ်တောင်စခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ယနေ့ စမ်းလှမ်းကျေးရွာသို့ စစ်ကြောင်းဝင်ရောက်နေကြောင်း ဒေသခံအချို့က ပြောသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက လက်ခတ်တောင်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့အား ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းတွင် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ “ပစ်တာကတော့ ခဏလေးပဲ။ ပစ်ပြီးမှ လေယာဉ်လာဝဲလို့ ဆုတ်သွားကြတယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက်ပိုင်းတွင်မူ တပ်ဖွဲ့ဝင်အင်အား ၄၀ ခန့်ပါဝင်သော စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်း လောင်းလုံးမြို့ထဲမှ ထွက်လာပြီး စမ်းလှမ်းကျေးရွာသို့ ရောက်နေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဆိုပါစစ်ကြောင်း ဝင်ရောက်လာသဖြင့် စိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအချို့လည်း ရှိနေကြောင်း ဒေသခံအချို့က […]