ထားဝယ်မြို့ အရှေ့မြောက်ဘက်ကို စစ်ကြောင်းဝင်သဖြင့် ကျေးရွာ ခြောက်ရွာက ဒေသခံများတိမ်းရှောင်
Dawei Watch
October 3, 2023ထားဝယ်မြို့၏ အရှေ့မြောက်ဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် ကျေးရွာခြောက်ရွာက ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။ ပဒိုင်ချောင်း၊ ခေါင်တိုင်ပြင်၊ မြင်းမတပ်၊ ပခပ်အင်း၊ ကင်းကုန်း၊ ရေဝိုင်း စသောကျေးရွာများသို့ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းဝင်ရောက်လာကြောင်း ဒေသခံများက ဆိုသည်။ “ဝင်လာတဲ့နေ့ကတော့ ရေဝိုင်းရွာအနီးမှာ ပစ်ခတ်မှုဖြစ်ကြတယ်။ ဒီနေ့ကတော့ ရေဝိုင်းရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ လူတွေကတော့ ထွက်ပြေးလို့ (ရွာမှာမရှိတော့ဘူး) ကုန်ပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဇီးကျရွာအနီးရှိ ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေး လုပ်ငန်းခွင်တွင် လုပ်ကိုင်ရန်လာသည့် အကျဉ်းဦးစီးဌာနက ဝန်ထမ်းနှစ်ဦးသတ်ဖြတ်ခံရပြီး အကျဉ်းသားငါးဦး လွတ်မြောက်သွား ခဲ့သည်။ အဆိုပါ အကျဉ်းထောင်ဝန်ထမ်းနှစ်ဦးကို DGRF အဖွဲ့က သတ်ဖြတ်ခဲ့ကြောင်း DGRF […]