BREAKING
March 5, 2025

ထားဝယ်

ထားဝယ်တွင် သက်သတ်လွတ် စတုဒိသာကျွေးပွဲ ၉ ရက်ဆက်တိုက်ကျင်းပမည်

Dawei Watch

October 13, 2023

ထားဝယ်တွင် သက်သတ်လွတ် စတုဒိသာကျွေးပွဲကို အောက်တိုဘာလ ၁၄ ရက်မှ ၂၂ ရက်အထိ ၉ ရက်ဆက်တိုက် ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှသိရသည်။ ထားဝယ်မြို့ ကျွန်းမွှေး ၁ လမ်း ၊သံပရာကန် အနီးရှိ အမှတ် က/၇၄၃ နေအိမ်အနီးတွင် အောက်တိုဘာ ၁၄ ရက်နေ့မှစပြီး မနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ တစ်ကြိမ် ၊ညနေ ၄ နာရီမှ ၅ နာရီခွဲအထိတစ်ကြိမ် တစ်ရက်နှစ်ကြိမ် သက်သတ်လွတ်ထမင်း နှင့် စားစရာများကို ကျွေးမွေးသွားမည်ဟု ဦးဆောင်သူ အမျိုးသမီးတစ်ဦးကပြောသည်။ “အဓိက ကပ်ဘေးတွေကနေ လွတ်မြောက်ပါစေဆိုတဲ့ ရည်ရွယ်ချက် နဲ့ ခုနှစ်ရက်သားသမီးများ မေတ္တာပွားနိုင်ရန်အတွက်ရယ်၊ နောက်ပြီး အခက်အခဲဖြစ်နေတဲ့ အခြေခံလူတန်းစားတွေ ကိုလည်း အလှူပေးသလိုမျိုးဖြစ်‌အောင်၊ သီတင်းကျွတ်ကာလမှာ […]

ရေဖြူတွင် စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ပြန်လွတ်၊ တစ်ဦးဖမ်းဆီးခံထားရဆဲ

Dawei Watch

October 12, 2023

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးချိန် ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံအားလုံးနီးပါး ယနေ့ အောက်တိုဘာလ ၁၂ ရက်တွင် ပြန်လည်လွတ်မြောက်လာပြီး တစ်ဦးမှာ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း ပြန်လွတ်လာသူ၏ မိသားစုဝင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ် ထားဝယ်- မောင်းမကန်လမ်းပိုင်း တောရှည်ကျေးရွာအနီးရှိ အမှတ် ၁၀၄ ခြေမြန်တပ်ရင်းက ကားတစ်စီးဖြင့် သယ်ဆောင်လာပြီး အနီးအနားက သောကြာပြင်ရွာတွင် ညနေ ၅ နာရီက လွှတ်ပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “လွတ်လာတဲ့သူတွေကို ကားနဲ့ သွားကြိုလာကြတယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ စုစုပေါင်း လွတ်မြောက်လာသူ ၂၀ ဦးဝန်းကျင်ရှိပြီး ၎င်းတို့မှာ သပြေဇွန်း၊ မင်းဒပ်၊ ပုဂေါဇွန်းရွာသားများဖြစ်ကြောင်း ၎င်းနီးစပ်သူက ပြောဆိုသည်။ ပုဂေါဇွန်းရွာသား အသက် ၄၅ နှစ်ဝန်းကျင်အရွယ် ဦးမြင့်ဝင်းဆိုသူတစ်ဦးကိုမူ ပြန်မလွှတ်သေးဘဲ စစ်ကောင်စီတပ်က […]

ဦးနိုင်မျိုးသွင် ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်မည်ဟုဆို

Dawei Watch

October 12, 2023

အလုပ်တာဝန်များမှ အနားယူပြီဟု ကြေညာထားသော ဦးနိုင်မျိုးသွင်မှာ ယနေ့(အောက်တိုဘာ ၁၂)မှစ၍ ဇမ္ဗူသီရိအဖွဲ့ကို ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှသိရသည်။ ဒေသခံပြည်သူအချို့က ဇမ္ဗူသီရိအဖွဲ့အား ပြန်လည်ဦး‌ဆောင်ပေးရန် တိုက်တွန်းသည်အတွက် နုတ်ထွက်သည်ဟု ကြေညာအပြီး ၁၁ ရက်အကြာတွင် ပြန်လည်ဦးဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဟု ဦးနိုင်မျိုးသွင်က ရှင်းပြသည်။ “ကျွန်တော် ကျန်းမာရေးလည်း ပြန်လည်ကောင်းမွန်လာတာရယ်။ ကျွန်တော်ကို ပရဟိတလုပ်ငန်းများ မူလအတိုင်းပြန်လုပ်ရန် တွန်းအားပေးတာတွေရယ်ကြောင့်လည်း မူလအတိုင်းအဖွဲ့ကို ပြန်လည်ဦးဆောင်သွားမယ်” ဟု၎င်းကပြောသည်။ ဦးနိုင်မျိုးသွင်သည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ရာမှအပြန် စက်တင်ဘာလ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ်ရှိ လမ်းပိုင်းတစ်နေရာတွင် ထားဝယ်မြို့ပြပြောက်ကျား တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဆယ်ရက်အကြာဖမ်းဆီး စစ်ဆေးပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ ပြန်လွတ်လာပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ဆေးကုသမှုခံယူရန်ရှိသည့်အတွက် အဖွဲ့၏ လုပ်ငန်းတာဝန်များမှ အနားယူခဲ့ခြင်းဖြစ်ဟု […]

ကံပေါက်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းအားလုံး ရပ်နားလိုက်၍ ဒေသခံများအခက်အခဲဖြစ်

Dawei Watch

October 11, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘာ့ရတနာဘဏ် (ကံပေါက်ဘဏ်ခွဲ)ကို အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ရပ်နားထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ “လုံခြုံရေးအခြေအနေအရ နားထားဦးမယ်ပြောပါတယ်။ ဘယ်ချိန်ပြန်ဖွင့်မလဲတော့မသိသေးဘူး“ ဟု အောက်တိုဘာလ ၇ ရက်က ကမ္ဘာရတနာဘဏ်ခွဲတွင် ငွေသွားလွှဲခဲ့သည့် ကံပေါက်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ အောက်တိုဘာလ ၁၁ ရက်နေ့အထိ ကံပေါက် ကမ္ဘာ့ရတနာဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ခြင်း မရှိသေးဘဲ ဝန်ထမ်းများလည်း ကလိန်အောင်ဘဏ်ခွဲတွင် အလုပ်ဆင်းနေကြကြောင်း ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူများထံကသိရသည်။ ကံပေါက်ဒေသတွင် ကမ္ဘာရတနာဘဏ်(ကံပေါက်ဘဏ်ခွဲ) အပြင် သမဝါမယဘဏ်(ရေဖြူဘဏ်ခွဲ)လည်း ရှိပြီး သမဝါယမဘဏ်မှာမူ စစ်အာဏာသိမ်းပြီးနောက်လပိုင်းအကြာ ဘဏ်အဆောက်အအုံတွင် စစ်ကောင်စီတပ်သားများ လာရောက်တပ်စွဲပြီးကတည်းက ရပ်နားထားသည်မှာ ၂ နှစ်ကျော်ကြာမြင့်ပြီဖြစ်သည်။ လက်တလောအခြေအနေတွင် ကံပေါက်ဒေသရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများအားလုံး ရပ်နားထားသည့် အခြေအနေရောက်ရှိနေပြီး […]

ရေဖြူတွင် စစ်ကောင်စီတပ်က ယာဉ်များနှင့် လုပ်ငန်းများကို ဝင်စစ်ပြီး ဒဏ်ကြေးဟုဆိုကာ ငွေတောင်း

Dawei Watch

October 11, 2023

စစ်ကောင်စီတပ် အင်အား ၄၀ ခန့်ဖြင့် ရေဖြူမြို့နယ်၊ ဇီးကျရွာသို့ ရောက်လာပြီး တစ်အိမ်ဝင်တစ်အိမ်ထွက် ယာဉ်များကို စစ်ဆေး၍ ဒဏ်ကြေးဟုဆိုကာ ငွေတောင်းခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ မနေ့(အောက်တိုဘာ ၁၀) မနက်ပိုင်းက ဇီးကျရွာရှိ လူနေအိမ်များကိုဝင်ရောက် စစ်ဆေးမေးမြန်းပြီး လိုင်စင်သက်တမ်းလွန်နေသည့် မော်တော်ဆိုင်ကယ်၊သစ်စက်၊ အိမ်သုံးမီးသွေးဖုတ်လုပ်ငန်းလုပ်သူများကို ဒဏ်ကြေးတောင်းသွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “မနက်စောစော မူးရူးပြီး လာကြတာ၊ ဆိုင်ကယ်တွေကို အိမ်အထဲထိဝင်စစ်တယ်၊ စိတ်ကောင်းရှိတဲ့ စစ်သားတွေ နဲ့တွေ့တဲ့အိမ်ဆိုရင်လည်း ဘာမှမပြောဘူး”ဟု ၎င်းကပြောသည်။ ဇီးကျရွာဒေသခံများမှာ စုစုပေါင်း ကျပ်သိန်းနှစ်ဆယ်ကျော် ဒဏ်ကြေးပေးလိုက်ရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “အိပ်ကပ်ထဲ ထည့်ထားတဲ့ ကိုးထောင်တောင် မချန်ဘူး ပေးလိုက်ရတာ “ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယင်းကဲသို့စစ်ဆေးပြီးနောက် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် သေနတ် ပစ်ဖောက်ပြီး […]

စစ်ကောင်စီတပ်ဖမ်းသွားသည့် မောင်မယ်ရှောင်ရွာသားတစ်ဦး၏အလောင်း ထားဝယ်မြစ်ထဲပြန်တွေ့

Dawei Watch

October 10, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ‌မောင်မယ်ရှောင်ရွာသားသုံးဦးအနက်တစ်ဦး၏ ရုပ်အလောင်းကို ထားဝယ်မြစ်ထဲတွင် ပြန်တွေ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ သေဆုံးနေသူမှာ အသက် ၃၀ နှစ်အရွယ်ရှိ ကိုသားဂန်း၏ဖြစ်ပြီး လည်ပင်းတွင် စုတ်ပြဲဒါဏ်ရာများဖြင့် ညောင်ဇင်ရွာ၏ အနောက်ဘက် ထားဝယ်မြစ်တစ်နေရာတွင် အောက်တိုဘာလ ၆ ရက်နေ့က ပြန်လည်တွေ့ရှိခြင်းဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ပေါ်နေတဲ့ အလောင်းက သားဂန်းနဲ့တူနေတယ်ဆိုပြီး ဖုန်းဆက်ပြောလာလို့ သွားကြည့်ပြီး အတည်ပြုခဲ့တယ်” ဟု ၎င်းက ပြောဆိုသည်။ ကျန်ဒေသခံနှစ်ဦးမှာလည်း အဆက်အသွယ်မရသေးကြောင်း နီးစပ်သည့်ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၃ဝရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့် အကျဉ်း‌ထောင်ဝန်ထမ်းနှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ် မောင်မယ်ရှောင်ရွာကို ဝင်ရောက်ခဲ့သည်။ မောင်မယ်ရှောင်ရွာသား ကိုသားဂန်း၊ ကိုမျိုးဆွေ၊ […]

ရေဖြူမြို့နယ် ရလိုင်နှင့် ပုဂေါဇွန်းရွာတို့တွင် စစ်ကောင်စီတပ် နေအိမ်မီးရှို့

Dawei Watch

October 10, 2023

ရေဖြူအနောက်ဘက်ကမ်းရှိ ရလိုင်နှင့် ပုဂေါဇွန်းရွာတွင် စစ်ကောင်စီတပ်က နေအိမ်မီးရှို့ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ အောက်တိုဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ရလိုင်ရွာက နေအိမ်တစ်လုံး မီးရှို့ခံရပြီး အောက်တိုဘာလ ၉ ရက် ကလည်း ပုဂေါဇွန်းရွာက နေအိမ်တစ်လုံး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ဆိုသည်။ “မီးခိုးလုံးတွေ တက်နေတယ်။ ရလိုင်တံတားထိပ်နားကလို့တော့ လောလောဆယ် သိထားရတယ်” ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်သည် အောက်တိုဘာလ ၉ ရက်နေ့မှစတင်ကာ ရေဖြူနှင့် လောင်းလုံးမြို့နယ်တို့ကို စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ အောက်တိုဘာလ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်စွဲထားသည့် ရေဖြူမြို့ပေါ်ရှိ ရပ်တော်မူဘုရား အနီး စစ်ကောင်စီတပ်စခန်းကို PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်။ ယင်းပစ်ခတ်မှုဖြစ်ပြီးနောက် ၅ ရက်အကြာ […]

သရက်ချောင်း ရငဲရွာတွင် နေအိမ်အချို့ကို စစ်ကောင်စီတပ်မီးရှို့

Dawei Watch

October 9, 2023

သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာက နေအိမ်အချို့ကို ယနေ့ အောက်တိုဘာလ ၉ ရက် နံနက်ပိုင်းက မီးရှို့ခံနေရပြီး မီးခိုးများတက်နေသည်ကို မြင်တွေ့နေရကြောင်း တိမ်းရှောင်နေသည့် ဒေသခံများက ပြောသည်။ “ရငဲရွာလယ်ဘုန်းကြီးကျောင်းနားလောက်က အိမ်တွေလို့ထင်တယ်။ အဝေးကပဲ မြင်နေရတော့ ဘယ်သူ့အိမ်ဆိုတာ သေချာမပြောနိုင်ဘူး။ နှစ်လုံးလောင်နေတယ်လို့ သိတယ်” ဟု တိမ်းရှောင်နေသည့် ရငဲရွာခံတစ်ဦးက ဆိုသည်။ မင်းဒပ်ရွာဘုန်းကြီးကျောင်းတွင် သုံးရက်ကြာတပ်စွဲပြီး ပြန်လာသည့် စစ်ကောင်စီတပ်သားများ ကားနှစ်စီးဖြင့် သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင်ရွာ၊ ရငဲရွာ၊ ကျောက်ခမောက်ရွာများကို ဝင်ရောက်လာပြီးနောက် ရငဲရွာက နေအိမ် အချို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ စစ်ကြောင်း ဝင်ရောက်လာသဖြင့် အဆိုပါကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်သားများသည် Vigo အမျိုးအစားကားတစ်စီး နှင့် […]