ထားဝယ်ဒေသက မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးခိုင်းသည့်ငွေကျပ် ၁ဝသိန်းလိမ်လည်ခံရ
Dawei Watch
October 19, 2023ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းရွာက မိဘဘိုးဘွားများထံ စပရိုက်လက်ဆောင် ပေးခိုင်းသည့် ငွေကျပ် ၁၀ သိန်း အလိမ်ခံရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ မလေးရှားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် သားသမီးမြေးများစုပေါင်းကာ မိဘဘိုးဘွားများကို စပရိုက် လက်ဆောင်ပေးရန် KK Gifts Shop& Group Service- Dawei-(KK) အမည်ဖြင့် Facebook စာမျက်နှာကို အလုပ်အပ်ခဲ့ပြီး ငွေကျပ် ၁၀ သိန်း အောက်တိုဘာလ ၁၁ရက်က လွှဲပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ အောက်တိုဘာလ ၁၈ ရက်တွင် မိဘဘိုးဘွားများကို စပရိုက်လက်ဆောင်ပေးရမည့်နေ့ဖြစ်ပြီး အောက်တိုဘာလ ၁၇ရက်က အထက်ပါ Page မက်ဆင်ဂျာမှ ဆက်သွယ်ရာ အဆက်အသွယ်ရသေးကြောင်း အဆိုပါမိသားစုဝင်က ပြောဆိုသည်။ အောက်တိုဘာလ ၁၈ရက် နံနက်တွင်မူ အဆိုပါ Page […]