သရက်ချောင်း ရငဲရွာတွင်တိုက်ပွဲဖြစ်ပြီး PDF နှစ်ဦးကျ
Dawei Watch
October 21, 2023သရက်ချောင်းမြို့နယ် ရငဲရွာတွင် ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF နှစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၇ နာရီခန့်တွင် ကမြိုင်ရွာဖက်မှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ထို့နောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ပြန်လည်ဆုတ်ခွာသွားသည့် PDF တပ်ဖွဲ့ကို စစ်ကောင်စီတပ်က ရငဲရွာ ဘုန်းကြီးကျောင်းအနီးတွင် အလစ်ဝင်တိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “အနည်ဆုံး နှစ်ယောက်ကျတယ်။ ဒဏ်ရာရသူလည်းရှိတယ်” ဟု ၎င်းက ပြောသည်။PDF ရဲဘော်များ ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ PDF အဖွဲ့တို့ထံ […]