စစ်ကောင်စီတပ် ဖမ်းသွားသည့် ရငဲရွာသား၏ အလောင်းကို မြေမြှုပ်လျက်ပြန်တွေ့
Dawei Watch
October 26, 2023စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရငဲရွာသားတစ်ဦး၏ ရုပ်အလောင်းကို ကျွဲမင်းကုန်းကျေးရွာ ပင်လယ်ကမ်း ခြေတွင် မြေမြှုပ်ဖျောက်ဖျက်ထားသည်ကို ပြန်လည်တူးဖော်တွေ့ရှိကြောင်း ဒေသခံအချို့က ပြောသည်။ အသတ်ခံရသူမှာ ကိုညီညီကို ဆိုသူဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်က ကျောက်ခမောက်ရွာတွင် ဖမ်းဆီးခံရကာ ယနေ့ အောက်တိုဘာလ ၂၆ရက် နံနက်တွင် မြေမြှုပ်ထားသည့် ရုပ်အလောင်းကို ရွာသားများက တွေ့ရှိခြင်း ဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ ပစ်သတ်တဲ့ပုံစံမဟုတ်ဘဲ ရိုက်သတ်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ ခေါင်းတစ်လုံးလုံး ကြေနေတယ်။ ကျောက်ခမောက်ကနေ ဖမ်းသွားတာ။ ကျွဲမင်းကုန်း ပင်လယ်ကမ်းစပ်မှာ အလောင်းဖျောက်ထားရစ်တာကို ရွာသားတွေ ပြန်တွေ့တယ်” ဟု ၎င်းက ပြောဆိုသည်။ အလောင်းတွင် လက်နောက်ပြန်ကြိုးတုပ်ထားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ကိုညီညီကိုနှင့်အတူ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးမှာ ပြန်လည်လွတ်မြောက်လာသည်ဟု […]