BREAKING
March 4, 2025

ထားဝယ်

အရှေ့တောဒေသတွင် မိုင်းဆက်တိုက်နင်းမိသဖြင့် ဒေသခံများ တောင်ယာထဲမသွားရဲ

Dawei Watch

October 31, 2023

ထားဝယ်အရှေ့တောဒေသ ဖောင်းတောရွာက မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရသည့် ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားပြီးနောက် ဒေသခံများ တောတောင်၊ ဥယျာဉ်ခြံထဲ မသွားမလာရဲဖြစ်နေကြကြောင်း ဒေသခံအချို့က ပြောသည်။ အောက်တိုဘာလ ၂၅ ရက်တွင် ဖောင်းတောရွာက အသက် ၇၀ နှစ်ဝန်းကျင် အမျိုးသားကြီးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဒူးပြတ်တောက်ဒဏ်ရာ အပြင်းအထန်ရခဲ့ကြောင်း ဒေသခံအချို့ ဆိုသည်။ ယင်းနောက် အောက်တိုဘာလ ၂၆ ရက်တွင် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး မိုင်းနင်းမိကာ ဒဏ်ရာ အနည်းငယ်ရခဲ့ပြီး ၂၇ ရက်တွင်လည်း နွားတစ်ကောင် မိုင်းနင်းမိသဖြင့် ခြေတစ်ဖက် ပြတ်တောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မိုင်းနင်းမိသည့် နေရာများသည် ရွာသူ ရွာသားများသွားလာတတ်သည့် တောတောင်၊ ဥယျာဉ်ခြံ အနီးဝန်းကျင် အနီးတဝိုက်တွင် […]

ပုလောတိုက်ပွဲအတွင်း KNDO ရဲဘော်နှစ်ဦးကျဆုံး

Dawei Watch

October 30, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNDO ရဲဘော်နှစ်ဦး ကျဆုံးကြောင်း KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းက အောက်တိုဘာလ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။ အောက်တိုဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် KNU တပ်ရင်း (၇) တပ်ခွဲ (၂) တွင် မြေမြုပ်သင်္ဂြိုဟ်ပြီးဖြစ်ကြောင်း ဖော်ပြသည်။ ကျဆုံးခဲ့သော ရဲဘော်နှစ်ဦးမှာ အသက် ၂၀နှစ်အရွယ် ရဲဘော် သီဟစိုး (ခ) ငယ်လေးနှင့် အသက် ၂၄နှစ်အရွယ် ရဲဘော် ညီညီစိုး (ခ) လူပုတို့ဖြစ်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက KNDO တပ်သားများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး ပူရိယက္ခညီနောင်စစ်ကြောင်းက အသေးစိတ် […]

ထားဝယ်တွင် ညမထွက်ရအချိန်ကန့်သတ်ချက် လျှော့ချ

Dawei Watch

October 27, 2023

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီက ကန့်သတ်ထားသည့် ညမထွက်ရအချိန်အား အောက်တိုဘာလ ၂၇ ရက်နေ့မှစကာ လျှော့ချလိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယခင်က ညမထွက်ရအချိန်ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့ညမှစကာ ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်သည်။ အချိန်လျှော့ချ ပြောင်းလဲသတ်မှတ်ကြောင်းကို ထားဝယ်မြို့အတွင်း လှည့်လည်ကြေညာနေသည့်အပြင် စည်ပင်သာယာဈေးကြီးနှင့် ကားဂိတ်တွင်လည်း လော်စပီကာဖြင့် လိုက်အော်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။ အခြားမြို့ခံတစ်ဦးကမူ စစ်ကောင်စီက ညမထွက်ရအချိန်လျှော့ချလိုက်သော်လည်း စစ်ကောင်စီတပ်သားများက ပစ်ခတ်ဖမ်းဆီး၊ စစ်ဆေးမှုများလုပ်မည်ကို စိုးရိမ်သဖြင့် ဒေသခံပြည်သူများမှာ သွားလာရဲမည် မထင်ကြောင်း ဆိုသည်။ “ဖြေလျှော့လည်းဘယ်သူမှ မထွက်တော့ဘူး။ ဈေးသမားတွေအတွက်တော့ အဆင်ပြေမယ်။ မနက်ပိုင်းအချိန် လျှော့ရင်လေ။ ညအတွက်တော့ […]

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အမောဖောက်သေဆုံး

Dawei Watch

October 27, 2023

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ယနေ့ နံနက် ၁၀ နာရီခန့်တွင် အမောဖောက် သေဆုံးသွားကြောင်း မိသားစုဝင်နှင့် ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။ သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် ဦးကျော်သိန်းအမည်ရှိ နိုင်ငံရေးအကျဉ်းသားဖြစ်ပြီး လောင်းလုံးမြို့နယ် ဟင်းချိုတောရွာ ဇာတိဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် အမောဖောက်လာသဖြင့် ထောင်တွင်းဆေးခန်းတွင် ဆေးကုသမှုခံယူသော်လည်း အခြေအနေ မကောင်း သဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ချိန် လမ်းတွင် သေဆုံးသွားကြောင်း DPPN ထံမှ သိရသည်။ ဦးကျော်သိန်းသည် ကျန်းမာရေးကောင်းမွန်ပြီး ရောဂါအခံကြီးကြီးမားမား မရှိသူဖြစ်ကြောင်း အစ်မတော်စပ်သူက ပြောသည်။ “မနေ့က ထောင်ဝင်စာသွားတွေ့တယ်။ စကားပြောနေတာရတာပဲ။ ကောင်းကောင်းမွန်မွန်ပဲ။ အခုသေဆုံးတယ်လို့ သတင်းကြားရတော့ အံ့အံဩဩပဲ။ မယုံလို့ တက်လိုက်ကြည့်သေးတယ်။ ထားဝယ်ဆေးရုံကြီးကို” ဟု […]

စစ်ကောင်စီ ထားဝယ်သပိတ်မျှောပွဲလုပ်မည့်နေရာ တိုက်ခိုက်မခံရရန် ဂျမ်မာတပ်

Dawei Watch

October 27, 2023

ထားဝယ်ရိုးရာသပိတ်မျှောပွဲကျင်းပမည့် ထားဝယ်ကမ်းနားလမ်း သဲကွင်းနေရာအနီးတွင် အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကို ကာကွယ်ရန် စစ်ကောင်စီတပ်က ဆက်သွယ်ရေးလိုင်းဖြတ်စက် (Jammer) တပ်ဆင်ထားကြောင်း မြို့ခံအချို့က ပြောသည်။ အဆိုပါနေရာအနီးရှိ တိုက်အိမ်တစ်လုံး၏ အမိုးပေါ်နှင့် အခြားနေရာတစ်ခုတို့တွင် ပြီးခဲ့သည့် လေးရက်ခန့်ကတည်းက Jammer စက် တပ်ဆင်ထားကြောင်း မြို့ခံများက ဆိုသည်။ ထိုသို့တပ်ဆင်ထားသည့်အတွက် ကမ်းနားလမ်းနှင့် အနီးအနားနေရာတဝိုက်တွင် ဖုန်းလိုင်း၊ Wifi လိုင်းများ ပြတ်တောက်ခြင်း၊ လိုင်းမကောင်းခြင်းများ ကြုံနေရကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။ “တစ်ခါတလေဆို ဝိုင်ဖိုင် (အင်တာနက်) တွေပါ ပြတ်ထွက်သွားတယ်။ ဖုန်းလိုင်းတွေလည်း မိတစ်ချက် မမိတစ်ချက်နဲ့ ဘာမှ ပြောလို့ကိုမရဘူး” ဟု ၎င်းက ပြောသည်။ ထို့အပြင် သပိတ်မျှောပွဲလုပ်မည့် နေရာအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကိုလည်း ကင်းချထားကြောင်း မြို့ခံအချို့က […]

ထားဝယ်အရှေ့တောဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

Dawei Watch

October 26, 2023

ထားဝယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာမှ အမျိုးသားကြီးတစ်ဦး အောက်တိုဘာလ ၂၅ ရက် မနက်ပိုင်းတွင် မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေတစ်ဖက်ပြတ်သွားကြောင်း သံမဏိပြောက်ကျားတပ်ဖွဲ့နှင့် ဒေသခံအချို့ ထံမှသိရသည်။ “ဖွတ်ကိုင်း(တိရစ္ဆာန်ထောင်ချောက်)ထောင် သွားရင်း ထိတာလားတော့ မသိဘူး။ ဖောင်းတောရွာအနီးက ခြံတွေနားမှာထိတာလို့ ပြောတယ်။ မနေ့က ကျွန်တော်မြင်တာတော့ ဘယ်ခြေတစ်ဖက်တုံးတိပြတ်သွားပြီ” ဟု သံမဏိပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ မိုင်းထိသည့်လူနာမှာ အသက် ၇၀ နီးပါးရှိပြီး မေတ္တာအရေးပေါ် လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကို ပို့ဆောင်ထားသည်ဟု သိရသည်။ မြေမြုပ်မိုင်းထောင်ထားသည့်နေရာများကို မသွားလာကြရန် အရှေ့တောဒေသရှိ လက်နက်ကိုင်တပ်ဖွဲ့များက အသိပေးပြောဆိုထားမှုမရှိသဖြင့် သတိမထားမိကြကြောင်း ဝကုန်းကျေးရွာက စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောသည်။ “သူတို့(စစ်တပ်)သွားတတ်တဲ့လမ်းတွေမှာ ထောင်တယ်၊ အရင်တုန်းကတော့ သူတို့ကားသွားတတ်တဲ့ လမ်းမဘေးမှာကိုထောင်တယ်ရှင့်၊ အခုက လမ်းကနေမသွားဘဲ တောထဲကနေသွားတယ်ဆိုတော့ တောထဲမှာထောင်တာပေါ့” ဟု […]

ရေဖြူ ပရဒပ်ရွာတွင် မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် အလောင်းသုံးလောင်းတွေ့

Dawei Watch

October 26, 2023

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်နေသည့် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲရှိသည့် ပရဒပ်ရွာ၌ မီးရှို့ခံရသည့် နေအိမ်ပြာပုံထဲတွင် ရုပ်အလောင်းသုံးလောင်း တွေ့ရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေအိမ်သုံးလုံး မီးရှို့ခံရပြီး ရုပ်အလောင်းတို့ကို ယနေ့ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ရုပ်အလောင်းတို့အနက် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွင် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများတွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။ ထိုရုပ်အလောင်း သုံးလောင်းမှာ ပျောက်ဆုံးနေသည့် ပရဒပ်ရွာသားများအနက်က မည်သူမည်ဝါတို့ဖြစ်သည်ကို မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ အမျိုးသားဟု အတည်ပြုနိုင်သည့် အလောင်းနှစ်လောင်းမှာ ဦးအောင်ဝင်းနိုင်နှင့် ဦးအောင်နွယ်တို့ ဖြစ်ဖွယ်ရှိသည်ဟု ခန့်မှန်းကြောင်း ဒေသခံတွေက ဆိုသည်။ “အလောင်းတွေကို ခန့်မှန်း မရတော့ဘူး။ (နှစ်ဦးက) အမျိုးသား အလောင်းဆိုတာပဲ […]

ထားဝယ်ဇာတ်သဘင်လုပ်ငန်းများ ပြန်မလည်ပတ်နိုင်သေး

Dawei Watch

October 26, 2023

ကိုဗစ်ကပ်ဘေးကာလတွင် စတင်ရပ်နားလိုက်ရသည့် ထားဝယ်ဒေသအခြေစိုက် ဇာတ်သဘင်လုပ်ငန်းများသည် အာဏာသိမ်းမှုအကျိုးဆက် မတည်မှုများကြောင့် ယခု ၂၀၂၃ ခုနှစ်အထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း ဇာတ်သဘင်အသိုင်းအဝိုင်းထံမှ သိရသည်။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဇာတ်သဘင်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်ကို လျှောက်ထားခွင့် ပြုထားသည်။ သို့သော် နယ်မြေတည်ငြိမ်မှု မရှိမှုနှင့် ကပြဖျော်ဖြေခွင့်ပွဲပါမစ် အခက်အခဲတို့ကြောင့် ထားဝယ်ဒေသရှိ ဇာတ်သဘင် လုပ်ငန်းရှင်များက ဇာတ်တည်ထောင်ခွင့်လုပ်ငန်းလိုင်စင်များ ဆက်လက်မလျှောက်ထားတော့ကြောင်း ထားဝယ်ခရိုင် သဘင်အစည်းအရုံး ဥက္ကဋ္ဌက ပြောသည်။ “အလှူပွဲ၊ နတ်ပွဲလောက်ကလို့ရတဲ့ ဆိုင်းပွဲအငယ်လေးတော့ ၂ ဖွဲ့ရှိတယ်။ ကျန်တဲ့ ဇာတ်အကြီးတွေတော့ ပြန်မစုစည်း နိုင်တော့ဘူး။ ကိုဗစ်မတိုင်ခင်က ထားဝယ်မှာ ဇာတ်ဖွဲ့အကြီး တစ်ဆယ်ကျော်ရှိတယ်။ အခုက တစ်ဖွဲ့မှ မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။ တနင်္သာရီတိုင်းနှင့် ထိစပ်နေသည့် မွန်ပြည်နယ်တွင်မူ မြို့နယ်အားလုံးတွင် […]