နဘုလယ်ဒေသထွက်မီးသွေး ဈေးတက်
Dawei Watch
November 7, 2023ထားဝယ်ခရိုင် နဘုလယ်ဒေသထွက် မီးသွေး ယခုလအတွင်းဈေးတက်လာကြောင်း ထားဝယ်ဒေသရှိ အိမ်ရှင်မများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လဝန်းကျင်က နဘုလယ်ဒေသထွက် ရိုးရိုးမီးသွေးတစ်အိတ်ကို ကျပ်လေးထောင်ကျော်ဈေးရှိရာမှ ယခု နိုဝင်ဘာလတွင် ခြောက်ထောင်ခန့်ဖြစ်လာကြောင်း ထားဝယ်မြို့နယ်ရှိ အိမ်ရှင်မတစ်ဦးကပြောသည်။ “သူတိုဘက်မှာ တိုက်ပွဲတွေဖြစ်နေကြတော့ မလာတာကြာပြီ။ အခုဝယ်ရတဲ့ဈေးက အမြင့်ဆုံးပါပဲ” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ် ဒေသတွင် တစ်ပိုင်တစ်နိုင်မီးသွေးလုပ်ငန်းလုပ်သည့် ရေဖြူမြို့နယ် နဘုလယ်ဒေသက ခမောင်းချောင်း၊ ဝါးဇွမ်းတော၊ ဧကနိရွာကဒေသခံများသည် ပြီးခဲ့သည့် သုံးလအတွင်း စစ်ပွဲတွေ မတည်ငြိမ်မှုတွေကြောင့် မကြာခဏ အိုးအိမ် စွန်ခွာထွက်ပြေးရသဖြင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများကို ရပ်နားခဲ့ကြရသည်။ “အဲဒီတုန်းကတော့ ကွမ်းသီးလည်း မကောက်နိုင်ဘူး။ မီးသွေးလည်း မထုတ်နိုင်ဘူး” ဟု နဘုလယ်ဒေသခံတစ်ဦးက ပြောသည်။ အောက်တိုဘာလ နောက်ဆုံးပတ်တွင် စစ်ကြောင်းများပြန်လည်ဆုတ်ခွာသွားသည့်အတွက်ကြောင့် ဒေသခံများမှာ မီးသွေးဖုတ်လုပ်ငန်းများ၊ […]