BREAKING
March 4, 2025

ထားဝယ်

ထားဝယ်မြို့အတွင်း အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

November 19, 2023

ထားဝယ်မြို့အတွင်း ဆန်းချီရပ်ကွက်တွင် နိုဝင်ဘာ ၁၉ ရက်(ယနေ့) မွန်းလွဲပိုင်းက  အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ စားသောက်ဆိုင်တွင် အသက် ၂၃ နှစ်အရွယ် ကိုကျော်ဇင်ဦးဆိုသူ ပစ်သတ်ခံရခြင်းဖြစ်သည်။ ဘောင်းဘီအရှည် နှင့် အင်္ကျီအနက်ရောင်ဝတ်ထားပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်း အရွယ် အမျိုးသားတစ်ဦးက လာရောက်ပစ်သတ်သွားကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ “သေဆုံးသူနဲ့ ဆိုင်ထဲဝင်လာတာ ငါးမိနစ်လောက်ပဲခြားမယ်။ လာပစ်သွားတာက”ဟု အဆိုပါမြို့ခံက ပြောသည်။ ကိုကျော်ဇင်ဦးမှာ ဆန်းချီ(ကျွန်းမွှေး)ရပ်ကွက်တွင်နေထိုင်သူဖြစ်ပြီး ၎င်း၏ နားထင်၊ရင်ဘတ်နှင့် လက်တို့တွင် သေနတ်ဒဏ်ရာများရကာ သေဆုံးသွားကြောင်း သိရသည်။ ကိုကျော်ဇင်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်သတ်သွားသည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးပေ။ သေဆုံးသူ၏ ရုပ်အလောင်းကို ညနေ ၃ နာရီခွဲခန့်တွင် အရေးပေါ်ကားဖြင့် လာရောက်သယ်ယူသွားကြောင်း သိရသည်။

ယခုပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် ပထမနှစ်တက်မည့်သူ တစ်ရာမပြည့်

Dawei Watch

November 18, 2023

ယခု (၂၀၂၃- ၂၀၂၄) ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ်သို့ နေ့သင်တန်း ပထမနှစ် တက်ရောက်မည့်သူ ၉၈ ဦးသာရှိကြောင်း စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ယင်း ၉၈ ဦးမှာဘာသာရပ် ၁၇ ခု အတွက် ဝင်ခွင့်ရသူများဖြစ်ပြီး ယခင်နှစ်ထက် လျော့နည်းသည်။ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ထားဝယ်တက္ကသိုလ် နေ့သင်တန်းဝင်ခွင့်ရသူ ၃၂၄ ဦးရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဝင်ခွင့်ရသူ ၁၆၂ ဦးသာရှိခဲ့သည်။ ထားဝယ်တက္ကသိုလ်တွင် တက္ကသိုလ်ဝင်ခွင့်ရသူ ၃ နှစ်ဆက်တိုက်လျော့နည်းနေပြီး ကိုဗစ်ကာလ နှင့် အာဏာသိမ်းမှုကာလအတွင်း ကျောင်းပြန်လည်ဖွင့်လှစ်သည့် ပညာသင်နှစ်များတွင် ယခုပညာသင်နှစ်သည် ဝင်ခွင့်ရသူအနည်းဆုံးနှစ်ဖြစ်သည်။ ထိုကဲ့သို့ တက္ကသိုလ်ဝင်ခွင့်ရသူဦးရေ လျော့နည်းခြင်းနှင့်ပတ်သက်၍ ထားဝယ်တက္ကသိုလ် ၊ သင်တန်းရေးရာဌာန […]

သရက်ချောင်းရေတံခွန်အနီးတွင် ဇနီးမောင်နှံနှစ်ဦးကိုသတ်ဖြတ်ပြီး အလောင်းမီးရှို့

Dawei Watch

November 17, 2023

သရက်ချောင်းရေတံခွန်အနီးရှိ ဥယျာဉ်ခြံအတွင်း ဇနီးမောင်နှံနှစ်ဦး အသတ်ခံရပြီး အလောင်းကိုမီးရှို့ခံထားရကြောင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အဆိုပါ ဇနီးမောင်နှံပိုင်ဆိုင်သည့် ဥယျာဉ်ခြံအတွင်းရှိ တဲနှစ်လုံးနှင့်အတူ အလောင်းများကို မီးရှို့ထားသည်ကိုတွေ့ရကြောင်း စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆိုသည်။ “သေနတ်ဒဏ်ရာတွေ့တယ်။ အမျိုးသားရင်ဘတ်မှာ သေနတ်ဒဏ်ရာတွေ့တယ်။ ညနေ သုံးနာရီကျော်ကျော် လောက်တည်းက သတ်ထားတဲ့ ပုံစံပဲ” ဟု ၎င်းက ပြောသည်။ အသတ်ခံရသူများမှာ အသက် ၆၁ နှစ်ရှိ ဦးသိန်းထွန်းနှင့် အသက် ၅၇ နှစ်အရွယ်ရှိ ဇနီးဖြစ်သူ ဒေါ်ဖြူဖြူသန်းတို့ ဖြစ်သည်။ ၎င်းတို့၏ သားဖြစ်သူမှာ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ကဖြစ်ပြီး ရေဖြူမြို့နယ်တွင် တာဝန်ကျနေသည်ဟု အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးက ပြောသည်။ ဦးသိန်းထွန်းတို့ ဇနီးမောင်နှံကို […]

ကြားကာလ ကြိုတင်ပြင်ဆင်ရေးဥပဒေကို  NLD တိုင်းလွှတ်တော်က အငြင်းပွားဖွယ်အတည်ပြု

Dawei Watch

November 17, 2023

တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေကို အတည်ပြုလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ (နိုဝင်ဘာ ၁၇) တွင်ထုတ်ပြန်လိုက်သည်။ တနင်္သာရီတိုင်း လွှတ်တော်ကိုယ်စားလှယ်များက တိုင်းလွှတ်တော်ခေါ်ပြီး ယင်းဥပဒေကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များနှင့် အရပ်ဖက်အဖွဲ့များက ယင်းလုပ်ဆောင်မှုအပေါ် လက်မခံသဖြင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။ အဆိုပါ ကြိုတင်ပြင်ဆင်ရေး ဆိုင်ရာဥပဒေကို တနင်္သာရီတိုင်းအပြင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း၏ တိုင်းလွှတ်တော်များကလည်း အတည်ပြုပြဌာန်းလိုက်ကြောင်း NLD ၏ထုတ်ပြန်ချက်က ဆိုသည်။ ဒီမိုကရေစီကိုအခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်များက ဒေသတွင်းရှိ အင်အားစုများကို ဖိတ်ခေါ်ကာ လက်တွဲညီညီအကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း  NLD ၏ထုတ်ပြန်ချက်က ဆိုသည်။ နိုင်ငံရေးအစုအဖွဲ့များကို ပြီးခဲ့သည့်အပတ်က တွေ့ဆုံဆွေးနွေးခဲ့ရာတွင် သဘောမတူကြောင်း ပြောဆိုကြသော်လည်း ယခုကဲ့သို့ အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း အစည်းဝေးတက်ခဲ့သူ တစ်ဦးကရှင်းပြသည်။ အားလုံးလက်ခံသဘောတူခြင်း မရှိသော်လည်း ယင်းကဲ့သို့ တိုင်းလွှတ်တော် ခေါ်ကာ […]

ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်နှစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ဟုဆို

Dawei Watch

November 17, 2023

ထားဝယ်မြို့နယ်ရှိ ပကာရီရဲကင်းစခန်းနှင့် မဲချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ် ၈ မိုင်စစ်ဆေးရေးဂိတ်တို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောာင်း Dawei Defense Team-DDT က နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၄ ရက် ည ၇ နာရီခွဲခန့်က ပကာရီရဲကင်းစခန်းကို  DDT တပ်ခွဲ ၂ နှင့် တပ်ခွဲ ၃ က ၁၂၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ နိုဝင်ဘာ ၁၅ ရက် ည ၁၁ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကို နေရာသုံးခုမှနေ၍ ၄၀ မမ လက်နက်ကြီး ၂ လုံး၊ ၆၀ မမ ၄ လုံး၊ ၁၂၀ မမ […]

ထားဝယ်ဆေးရုံတွင် ဆေးမရှိသဖြင့် လူနာများ ပြင်ပမှဆေးရှာဝယ်ပေးနေရ

Dawei Watch

November 16, 2023

ထားဝယ်ဆေးရုံတွင် တက်ရောက်ကုသနေသည့် လူနာများကို ဆေးရုံကဆေးမပေးသဖြင့် အပြင်ဆေးခန်းက ဆေးများကို ကိုယ်တိုင်ဝယ်ယူကုသနေရကြောင်း ဆေးရုံတက်‌ရောက်ခဲ့သူ အချို့ထံမှ သိရသည်။ မည်သည့်ရောဂါအတွက်မဆို စားဆေး၊ ထိုးဆေး၊ သွင်းဆေး၊ ဆေးထိုးအပ်မှစပြီး မည်သည့်ဆေးဝါးမျှ ထားဝယ်ဆေးရုံတွင်မရကြောင်း ရက်ပိုင်းအကြာကပင် ဆေးရုံမှဆင်းလာသည့် ထားဝယ်မြို့ခံတစ်ဦးကဆိုသည်။ လူနာအတွက် လိုအပ်သည့်ဆေးဝါးများကို တာဝန်ကျဆရာဝန်တစ်ဦးဦးက ရေးပေးခဲ့ပြီး ယင်းဆေးဝါးများကို အပြင်ဆေးခန်းတွင် လူနာရှင်က ဝယ်ယူပေးရ‌ကြောင်းဆိုသည်။ “အားလုံးအပြင်ဆေးခန်းမှာဝယ်ရတယ်။ ဆေးထိုးအပ်ကအစဝယ်ရဝယ်။ ဆေးပုလင်းကုန်ရင်လည်း ကိုယ့်ဘာသာဝယ်ပြီး ကိုယ့်ဘာသာသွင်းတဲ့။ ဒီလိုမှန်းသိရင် အပြင်ဆေးရုံပဲသွားတာက ပိုကောင်းသေးတယ်” ဟု၎င်းကဆိုသည်။ ထားဝယ်ဆေးရုံတွင် လူနားအားဆေးဝါးမပေးသည့်အကြောင်း အသေးစိတ်သိရှိနိုင်ရန် ထားဝယ်ဆေးရုံအုပ်ထံ ယနေ့ နိုဝင်ဘာလ ၁၆ ရက် မွန်းတည့်ပိုင်းတွင် ဖုန်းဆက်မေးမြန်းခဲ့သော်လည်း ဖြေဆိုခြင်းမရှိပေ။ “ဆေးရုံတက်ဖူးတဲ့သူတွေကို လိုက်မေးရင်သိပါတယ်နော်။ အားလုံးဝယ်ရတာတော့ မဟုတ်ပါဘူး။ ကျွန်မကလည်း ဒီမှာကိစ္စလေးတစ်ခုရှိနေလို့ ဖြေဖို့အတွက်ကျတော့ […]

ကလိန်အောင်မြို့အနီး ပစ်ခတ်သံများကြောင့် တပ်စာသင်ကျောင်းပိတ်ထား

Dawei Watch

November 16, 2023

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၆) မနက် ၅ နာရီဝန်းကျင်တွင် ပစ်ခတ်သံအချို့ကြားရပြီးနောက် တပ်နယ်စာသင်ကျောင်း ပိတ်ထားကြောင်း မြို့ခံများကပြောပြသည်။ “ ချောင်းဆုံ(ကျောက်ရှပ်ရွာ) ဘက်ကကြားရတယ်။ သေနတ်သံပဲများများကြားရတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဥ်အသေးစိတ်ကိုမူ မသိရသေးပေ။ ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် ကလိန်အောင်တပ်နယ် ၊ ခမရ ၄ဝ၈ စစ်ကောင်စီတပ်ရင်း အနီးရှိ စစ်တပ်စာသင်ကျောင်းကို ယနေ့ပိတ်ထားကြောင်း ၎င်းတပ်နှင့်နီးစပ်သူများပြောသည်။ “ ကလိန်အောင်မြို့ထဲမှာတော့ပုံမှန်ပါပဲ။ စာသင်ကျောင်းလည်းဖွင့်တယ်။ စစ်တပ်ကျောင်းပဲပိတ်တာ” ဟု ကလိန်အောင်မြို့ခံ ကျောင်းဆရာမတစ်ဦးကပြောသည်။ ကလိန်အောင်တပ်နယ်တွင် ခမရ၄၀၈ ၊ ၄၀၉ ၊ ၄၁၀ ခြေမြန်တပ်ရင်း ၃ ခုနှင့် ခလရ ၂၈၂ ခြေလျင်တပ်ရင်း တို့ရှိကြပြီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ခြေမြန်တပ်ရင်း ၃ ခု မကြာခဏ တိုက်ခိုက်ခံရလေ့ရှိသည်။

အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုဖြစ်ပြီး ဒေသခံလေးဦးခန့် ဖမ်းဆီးခံရ

Dawei Watch

November 15, 2023

ထားဝယ်မြို့ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့(နိုဝင်ဘာ ၁၅) မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံအချို့ထံက သိရသည်။ စစ်ဆေးရေးဂိတ်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ဇီဇဝါဝင်း စက်သုံးဆီဆိုင်အနီးတွင် ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ ထားဝယ်မြို့ထဲတွင် မော်တော်ကား၊ မော်တော်ဆိုင်ကယ်များကို ရွေ့လျားပုံစံဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ယာဉ်ထိန်ရဲ ပူးပေါင်းအဖွဲ့တို့ စီးနင်းလိုက်ပါလာသည့်ကားကို တော်လှန်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “မော်တော်ပီကယ်(ယာဉ်ထိန်းရဲ)နဲ့အတူတူ ဖမ်းနေတဲ့ စစ်ကားတွေရှိတယ်လေ။ အဲဒီစစ်ကားတွေ ဒီမနက် ဇီဇဝါဆီဆိုင်ရှေ့မှာ စစ်နေတယ်လို့ပြောသံကြားတယ်။ အဲဒါကို ဟိုဘက်ခြမ်း( ပြည်သူ့ကာကွယ်ရေးအဖွဲ့) ကနေပြီး လာပစ်တယ်ဆိုပြီးပြောသံကြားရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဆယ်မိနစ်ခန့်ကြာကြောင်း သိရသည်။ ပစ်ခတ်မှုဖြစ်ပွားရာအနီးရှိ လယ်ကွက်ထဲတွင် ရာသီပေါ်သီးနှံစိုက်ပျိုးနေသည့် အိမ်ရှေ့ပြင်ရွာဒေသခံ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို စစ်ဆေးစရာရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း […]