ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်၊ လက်နက်ကြီးကြောင့် သားအမိနှစ်ဦးသေဆုံးဟုဆို
Dawei Watch
November 23, 2023ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာ ရဲစခန်းတွင် တိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်နေပြီး နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သားအမိနှစ်ဦး သေဆုံးသည်ဟု ကြားသိရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နိုဝင်ဘာ ၂၃ရက် နံနက် ၄ နာရီ မိနစ် ၂၀ ခန့်ကစပြီး ကျောက်မဲတောင်နယ်မြေရဲစခန်းကို PDF ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း Dawei Defense Team-DDT နှင့် ကျောက်မဲတောင်ရွာ ဒေသခံအချို့က ဆိုသည်။ နံနက် ၉ နာရီခွဲခန့်အထိ ကျောက်မဲတောင်ကျေးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုထိပစ်နေကြတုန်းပဲ။ လက်နက်ကြီး လက်နက်ငယ်တွေ ပလူပျံနေတယ်။ လက်နက်ကြီးကျလို့ သားအမိနှစ်ဦး သေတယ်လို့ပြောတယ်” ဟု ကျောက်မဲတောင်ရွာက အမျိုးသမီးက နံနက် ၉ နာရီခွဲခန့်တွင် ပြောဆိုသည်။ တိုက်ပွဲဆက်ဖြစ်နေသေးသဖြင့် ပုန်းအောင်းနေရပြီး ဒေသခံအချင်းချင်း ဆက်သွယ်မေးမြန်းချက်အရ နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၁၀ နှစ် […]