ဖမ်းဆီးခံ ထားဝယ်အရှေ့တောဒေသခံ လေးဆယ်နီးပါးပြန်လွတ်၊ မိန်းကလေးငယ်နှစ်ဦးအပါအဝင် သုံးဦး မလွတ်သေး
Dawei Watch
November 29, 2023ထားဝယ် အရှေ့တောဒေကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးသွားသည့် ဒေသခံ လေးဆယ်နီးပါး ပြန်လွတ်လာပြီး သုံးဦးပြန်မလွတ်လာသေးကြောင်း ဒေသခံများက ပြောသည်။ ကျောက်မဲတောင်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နိုဝင်ဘာလ ၂၅ ရက် နံနက် ၅ နာရီခန့်တွင် အရှေ့တောနယ်မြေ ပကာရီကျေးရွာကို မြေသယ်ကား ၆ စီးဖြင့် အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်း ရောက်လာသည်။ အင်အား ၃၀ ကျော်မှာ ပကာရီကျေးရွာတွင် ကျန်ခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များမှာ စစ်ကြောင်း နှစ်ကြောင်းခွဲကာ ကျောက်မဲတောင် ရဲစခန်းဘက်ကို ပခပ်ရွာလမ်းမှတဆင့် တောလမ်းအတိုင်း စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါစစ်ကြောင်းသည် ဥယျာဉ်ခြံထဲတွင် တွေ့သည့် ပကာရီ၊ ပခပ်၊ ဝကုန်းရွာသူရွာသား အမျိုးသား၊ အမျိုးသမီး လေးဆယ်ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း […]