ကံပေါက်တွင် ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသူနှစ်ဦး ဖမ်းဆီးခံရ
Dawei Watch
December 2, 2023ရေဖြူမြို့နယ် ၊ ကံပေါက်ရွာတွင် နိုဝင်ဘာလ ၃၀ ရက်ညက ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားသူနှစ်ဦးကို မောရဝတီရေတပ်မှ စစ်ကောင်စီတပ်သားများက နေအိမ်တွင် လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ အဖမ်းခံရသူ နှစ်ဦးသည် ကံပေါက်ရွာ လှည်းကုန်း(၁)ရပ်ကွက် နှင့် လှည်းကုန်း(၂)ရပ်ကွက်တွင် ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားသည့် ကိုအောင်ခက် နှင့် ကိုပိုင်ပိုင်တို့ဖြစ်ကြပြီး ဖမ်းဆီးခံရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။ ၎င်းတို့နှစ်ဦးစလုံးကို မောရဝတီရေတပ်စခန်းဌာနချုပ် အတွင်းရှိ ဗျူဟာစခန်းတစ်ခုတွင် စစ်ဆေးနေပြီး လာရောက်ဖမ်းဆီးစဥ်က ၎င်းတို့၏မိသားစုဝင်များကိုလည်း ယခုရက်ပိုင်းအတွင်း ခရီးမသွားရန် မှာကြားခဲ့ကြောင်း ကိုအောင်ခက်၏ မိသားစုနှင့်နီးစပ်သူတစ်ဦးကပြောသည်။ “ ရွာထဲမှာလည်း ဘာမှမဖြစ်ဘဲနဲ့ ၊ လာဖမ်းသွားတယ်။ အိမ်မှာလည်းရှာသွားတယ်။ တစ်ယောက်ယောက်က တိုင်လိုက်လို့လာရှာတဲ့ပုံစံဖြစ်နေတယ် “ ဟု ၎င်းကပြောပြသည်။ အဖမ်းခံရသူနှစ်ဦးအနက် ကိုပိုင်ပိုင် သည် အာဏာသိမ်းပြီးနောက် မောရဝတီရေတပ် က နှစ်ကြိမ်ခေါ်ယူစစ်ဆေးခြင်း ခံရဖူးသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ […]