BREAKING
March 4, 2025

ထားဝယ်

ဖမ်းဆီးခံထားရသည့် ကံပေါက်ဒေသက ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးပြန်လွတ်

Dawei Watch

December 11, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် မောရဝတီရေတပ်က ခေါ်ယူစစ်ဆေးနေသည့် ဆိုင်ကယ်ပြင်ဆိုင်ပိုင်ရှင်နှစ်ဦးအနက် တစ်ဦးပြန်လွတ်လာကြောင်း ဒေသခံများထံက သိရသည်။ လှည်းကုန်း ၁ ရပ်ကွက်က ကိုအောင်ခက် ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတို့က ပြောသည်။ နိုဝင်ဘာလ ၃၀ ရက်က ကိုအောင်ခက် နှင့် လှည်းကုန်း ၂ ရပ်ကွက်က ကိုပိုင်ပိုင်တို့နှစ်ဦးကို ၎င်းတို့၏နေအိမ်အသီးသီးတွင် ရေတပ်က လာရောက်ဖမ်းဆီးခဲ့ပြီး ဆယ်ရက်အကြာတွင် ကိုအောင်ခက် ပြန်လွတ်လာခြင်းဖြစ်သည်။ “ မေးတာမြန်းတာလောက်ပဲ ။ ရိုက်စစ်ခံရတာမျိုးတော့မရှိဘူး ။ မနေ့က(ဒီဇင်ဘာလ၁၀) နေ့လယ်ပိုင်းလောက် စစ်တပ်က ကားနဲ့ပဲ ပြန်လာပို့ပေးခဲ့တယ်” ဟု ကာယကံရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ဖမ်းဆီးစစ်ဆေးခံရစဥ် နှစ်ဦးစလုံးကို မောရဝတီရေတပ်အတွင်း အတူတူထားရှိသော်လည်း တစ်ဦး နှင့် တစ်ဦး အဆက်အသွယ်မလုပ်ခိုင်းကြောင်း […]

ထားဝယ်တွင် မီးဖိုသုံး ဂက်စ် လိုသလောက်မရ၍ဈေးတက်

Dawei Watch

December 10, 2023

ထားဝယ်တွင် ဒီဇင်ဘာပထမပတ်မှစပြီး မီးဖိုသုံးဂက်စ် လိုသလောက်မရတော့၍ ဈေးမြင့်တက်နေကြောင်း ထားဝယ်ဂက်စ် ဈေးကွက်အတွင်းမှသိရသည်။ ဒီဇင်ဘာပထမပတ်မှစပြီး ထားဝယ်ဈေးကွက်တွင် ၄ ကီလိဂရမ် ဂက်စ် အိုးအတွက် ဂတ်စ်ဖိုး ၁၇၀၀၀ ကျပ်မှ ၂၂၀၀၀ကျပ်၊ ၁၅ ကီလိုဂရမ်အိုးမှာ ၆၅၀၀၀ ကျပ်မှ ၈၂၅၀၀ ကျပ်၊ ၄၈ ကီလိုဂရမ်အိုးမှာ ၁၇၀၀၀၀ ကျပ်မှ ၂၂၀၀၀၀ကျပ်အထိ မြင့်တက်လာနေကြောင်း ထားဝယ် မီးဖိုချောင်သုံး ဂက်စ်ဖြန့်ဖြူးရေး ဈေးကွက်မှသိရသည်။ ထားဝယ်မြို့တွင် မီးဖိုချောင်သုံးဂက်စ်ကို ထိုင်း-မြဝတီလမ်းကြောင်းမှ အများဆုံးတင်သွင်းခြင်းဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှစကာ မြဝတီ၊ကော့ကရိတ် အာရှလမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဂက်စ် ပြတ်သွားကြောင်း ထားဝယ်မြို့ရှိ ဂက်စ် ကုန်သည်တစ်ဦးကပြောသည်။ “အဓိကမြဝတီလမ်းကြောင်းပေါ့နော် လုံးဝမရသေးဘူး ဂက်စ်ကားတွေ ပိတ်မိနေတုန်းပါပဲ” ဟု၎င်းကပြောသည်။ ထိုကြောင့် ထားဝယ်ခရိုင်အတွင်းရှိ လိုအပ်နေသည့် ဂက်(စ်)ကို […]

လုံခြုံရေးတင်ကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်

Dawei Watch

December 9, 2023

လုံခြုံရေးတင်းကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၉)နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။ လောင်းလုံးမြို့နယ်ဆေးရုံနှင့် မြို့တော်ခန်းမရှေ့တွင် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအရှေ့တွင် “ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခုံလှုံကြ” စာသားပါ ဘန်နာကိုချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ စစ်ကောင်စီဘက်တော်သားများ ပြည်သူဖက်ကိုကူးပြောင်းလာကြရန်တိုက်တွန်းသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။ ယင်းသပိတ်လှုပ်ရှားမှုမှာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး အကြမ်းမဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် တစ်ခုဖြစ်ပြီး စစ်ကောင်စီကနှိမ်နင်းရန် ကြိုးစားနေသော်လည်း ရက်ပေါင်း ၉၀၀ ကြာသည်အထိ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ဆဲဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးရုံးနှင့် မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် အရင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတင်းကြပ်ထားကြောင်း ခရီးသည်အချို့ကပြောသည်။ ‌“လဝကရုံးရှေ့မှာ ဘယ်ရီဂိတ်တွေချထားလိုက်တယ်။ အရင်လိုမျိူးမဟုတ်တော့ဘူး။ မြွေလိမ်၊ မြွေကောက်သွားရတာ။ […]

လောင်းလုံးတွင် ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခဲ့မှုများ NUG စစ်ဆေးနေ

Dawei Watch

December 7, 2023

လောင်းလုံးမြို့နယ်အတွင်း ဒလန်ဟုဆိုကာ တရားမဲ့သတ်ဖြတ်ထားသည့်ကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်ဆေးနေကြောင်း နိုင်ငံရေးအသိုင်းအဝိုင်း အတွင်းမှသိရသည်။ ဒလန်ဟုဆိုကာ တရားမဲ့ သတ်ဖြတ်ခြင်းကို ခံရသဖြင့် အရေးယူပေးပါရန် သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များနှင့် အသိုင်းအဝိုင်းများက တိုင်ကြားမှုများ လုပ်ဆောင်ထားပြီး ယင်းအပေါ် စစ်ဆေးမှုများလုပ်ဆောင်နေခြင်းဖြစ်သည်။ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ သုံးလအတွင်း အသက် ၆၀ ကျော်အရွယ် သီလရှင်တစ်ပါး အပါအဝင် ပြည်သူ ၇ ဦးကို သတ်ဖြတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယခုနှစ် စက်တင်ဘာလ အတွင်းက ထုတ်ပြန်ထားသည်။ ယင်းသို့လက်နက်ကိုင်မဟုတ်ဘဲ သတ်ဖြတ်လိုက်သည့်အပေါ် အသတ်ခံရသူများ၏ မိသားစုဝင်အချို့က ငြင်းချက်ထုတ်ပြီး အမှန်တရားကိုလိုချင်ကြောင်း တောင်းဆိုကြသလို ပြည်သူများ၊ တော်လှန်ရေးအုပ်စုများနှင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၏ ဝေဖန်သံလည်း ကျယ်လောင်ခဲ့သည်။ ယင်းသို့ပင် လောင်းလုံးမြို့နှင့် ထားဝယ်မြို့နယ်အကြား ကျေးရွာတစ်ရွာရှိ ရော်ဘာခြံဝင်းတစ်ခုအတွင်း […]

တောက်ထိန်တောင်အနီး စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ

Dawei Watch

December 7, 2023

သရက်ချောင်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ရန်တောင်ကျေးရွာကြားရှိ တောက်ထိန်တောင်ဘုရား မုဒ်ရှေ့အနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရကြောင်း ဒေသခံများက ပြောသည်။ သရက်ချောင်းဘက်မှ ထားဝယ်ဘက်သို့ မြိတ်-ထားဝယ်ကားလမ်းအတိုင်း မောင်းလာသည့် စစ်တပ်ကားမှာ ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဒေသခံများကပြောသည်။ “ခါတိုင်း အဲ့ဒီနားမှာ မိုင်းဆွဲခံရရင် သေနတ်ပစ်ဖောက်တာတွေရှိတယ်။ ဆိုတော့ ညကလည်း ရွာထဲမွှေဦးမလားမသိဘူးဆိုပြီး စောင့်ကြည့်နေသေးတယ်၊ ဒါပေမဲ့ ညက ဘာသံမှမကြားဘူး။ သူတို့လူ မနာလို့ဖြစ်မှာပေါ့။ လူထိခိုက်မှုမရှိလို့ထင်တယ်။ ကားတော့ ပျက်စီးတယ်လို့ ကြားရတယ်” ဟု ရန်တောင်ကျေးရွာက အမျိုးသမီးတစ်ဦးက ပြောသည်။ စစ်တပ်ကားသုံးစီးတက်လာခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်တွင် ထားခဲ့သည်ဟု ညောင်ဇင်ကျေးရွာက ဒေသခံအမျိုးသားက ပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ထားဝယ်နဂါး တပ်ခွဲ (၂)နှင့် ထားဝယ်လူငယ်လက်ရုံးတပ်တို့ […]

ရေဖြူ ဇီးကျတိုးဂိတ်နှင့် ထောင်သစ် မီးရှို့ခံရပြီးနောက် ရွာသားများ ရိုက်နှက်စစ်ဆေးခံရ

Dawei Watch

December 7, 2023

ရေဖြူမြို့နယ် ဇီးကျရွာတွင်ရှိသည့် လမ်းအသုံးပြုခ ကောက်ခံသည့်ဂိတ်နှင့် ထောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင် မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာသားများကို ခေါ်ယူကာရိုက်နှက် စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ထားဝယ်အကျဉ်းထောင်သစ် တည်ဆောင်ရေး လုပ်ငန်းခွင့်နှင့် ဒီဇင်ဘာလ ၄ ရက်နေ့တွင် လမ်းအသုံးပြုခကောက်ခံသည့်ဂိတ်(တိုးဂိတ်)ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ တစ်ခုက ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၆ ရက်နေ့မနက်စောစောပိုင်းက ညင်းထွေးရွာဘက်မှ ဇီးကျရွာအထက်ပိုင်းသို့ရောက်လာခြင်းဖြစ်သည်။ ယင်းနောက် ဇီးကျရွာမှ အမျိုးသား၊အမျိုးသမီး၊ လူငယ်၊သက်ကြီးရွယ်အိုများပါမကျန် ခေါ်ယူကာ ကားလမ်းမကြီးရှိ တိုးဂိတ်အနီးတွင် ထိုင်စေကာ တစ်ဦးချင်းကို စစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်သည်။ လက်ကိုင်ဖုန်းတွင် PDF နှင့် ဆက်သွယ်ပြောဆိုရေးသားခြင်း၊ တော်လှန်ရေး ပိုစ့်များကို မျှဝေထားခြင်း ပြုထားသူများကို ရိုက်နှိက်စစ်ဆေးခဲ့သည်ဟု သိရသည်။ လူငယ်ပိုင်း အရွယ် အမျိုးသားများမှာ အများဆုံးရိုက်နှက်စစ်ဆေးခံရခြင်းဖြစ်ကြောင်း […]

ထားဝယ်တွင် စက်သုံးဆီပြတ်လပ်

Dawei Watch

December 6, 2023

ထားဝယ်မြို့သို့ တင်သွင်းသည့် စက်သုံးဆီခွဲတမ်းအရနည်းလာသဖြင့် စက်သုံးဆီပြတ်လပ်နေကြောင်း စက်သုံးဆီဆိုင်အချို့ထံမှ သိရသည်။ ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးအချို့သည် ရန်ကုန်မြို့မှတစ်ဆင့် စက်သုံးဆီများ သယ်ယူပြီး ဒေသတွင်း ပြန်လည်ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်သည်။ “အရင်ပြီးခဲ့တဲ့ သုံးလေးပတ်လောက်အထိ သုံးရက်ကိုတစ်ခါ လီတာ ၅၀၀၀ ရတယ်။ အခုက ၁၈၀၀ (လီတာ) ကျော်ကျော်ပဲ ရတော့တာ။ ခွဲတမ်းက နည်းသွားတော့ ဘာမှလုပ်မရဘူး” ဟု ထားဝယ်မြို့ရှိ စက်သုံးဆီအရောင်းဆိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ထားဝယ်မြို့ထဲ စက်သုံးဆီဆိုင်ကြီးအချို့ပင် အရောင်းရပ်နားထားကြကြောင်း စုံစမ်းသိရသည်။ ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်အချို့ကလည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးကြောင်း မြို့ခံအချို့က ဆိုသည်။ ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ်၊ သုံးဘီးတစ်စီးလျှင် ၅၀၀၀ ကျပ်၊ ကားတစ်စီးလျှင် ၂၀၀၀၀ ကျပ် နှုန်းဖြင့်သာ ကန့်သတ်ရောင်းချနေခြင်းဖြစ်ကြောင်း ၎င်းတို့က […]

လောင်းလုံး စရဖရုံး တိုက်ခိုက်ခံရ

Dawei Watch

December 6, 2023

လောင်းလုံးမြို့ပေါ် ရှိ စစ်ဘက်‌ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်စောစောပိုင်းတွင် တိုက်ခိုက်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်တွင် PDF တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ခန့် ဖြစ်ပွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “ကျွန်တော်တို့က ဝပ်နေရတယ်။ (လက်နက်) အကြီးရော အသေးတွေရောပဲ (ပစ်တာ)” ဟု ၎င်းက ပြောဆိုသည်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဘက်ထိခိုက်မှု အခြေအနေကို အသေးစိတ်မသိရသေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့ ပူးပေါင်းစစ်ဆေးသည့် စစ်ဆေးရေးဂိတ်တွင် မိနစ်နည်းငယ် စစ်ဆေးတင်းကျပ်ခဲ့ပြီး ယနေ့ နံနက် ၆ နာရီခန့်ကစ၍ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနေကြပြီဖြစ်ကြောင်း မြို့ခံများထံမှသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ […]