သရက်ချောင်း၊ မင်းဒပ်ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဝင်ရှာပြီး ပစ္စည်းများယူသွား
Dawei Watch
December 20, 2023သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာက နေအိမ်များကို ဒီဇင်ဘာလ ၁၉ရက်တွင် စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၁၀ ကျော်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ထားဝယ်-မြိတ်သွားကားလမ်းဘေးရှိ မင်းဒပ်ရွာကို ဒီဇင်ဘာလ ၁၈ရက် နံနက်ပိုင်းက လက်နက်ကြီးနှစ်လုံး ပစ်ခတ်ပြီးနောက် လက်နက်ငယ်များ ပစ်ခတ်ကာ ရွာထဲဝင်လာကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ ပစ်ခတ်ဝင်လာသဖြင့် ဒေသခံအချို့ထွက်ပြေးကြပြီး အချို့မှာမိမိနေအိမ်တွင် နေကြကြောင်း ၎င်းတို့က ပြောဆိုသည်။ လူမရှိသည့် နေအိမ်များကို ရိုက်ဖျက်ဝင်ရောက်ရှာဖွေခဲ့ပြီး လူရှိသည့် နေအိမ်က အိမ်သားများကို အပြင်ထွက် ထိုင်ခိုင်းကာ အိမ်တွင်းကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းသို့ ရှာဖွေပြီး ဆိုင်ကယ် လေးစီးနှင့် ရွှေငွေတို့ကို ယူဆောင်သွားကြောင်း ၎င်းက ပြောဆိုသည်။ ရွှေ၊ ငွေမည်မျှ ယူဆောင်သွားသည်ကို စာရင်းအတိအကျ မသိရသေးဟု ၎င်းက ဆိုသည်။ “ဝင်လာချိန် ခြောက်ပစ် ပစ်တော့ လူတွေကပြေးကြလွှားကြတယ်လေ။ လူတွေမရှိတော့ အိမ်က ပစ္စည်းတွေ ယူရ လွယ်တယ်လေ။ တို့အနားက ရွာတွေအားလုံး အဲဒီလိုအခြေအနေကြုံနေရတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် […]