ဗောဓိကုန်းဆရာတော်စျာပန နယ်မြေမလုံခြုံသောကြောင့် နေရပ်တွင်မကျင်းနိုင်၊ ရုပ်ကလာပ်ကို နေအိမ်တွင်ထားရှိ
Dawei Watch
December 22, 2023ထားဝယ်အရှေ့တောဒေသ ဟိန္ဒားကျေးရွာ ဗောဓိကုန်းကျောင်းဆရာတော် ဘဒ္ဒန္တ ပညာစာရ၏ စျာပနကို နယ်မြေ မလုံခြုံသောကြောင့် သီတင်းသုံးရာကျေးရွာတွင် မကျင်းပနိုင်ဘဲ ထားဝယ်မြို့ပေါ်၌ ဒီဇင်ဘာလ ၂၄ ရက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း စျာပနစီစဥ်သူများထံမှ သိရသည်။ ဆရာတော်သည် ရန်ကုန်သို့ ဆေးခန်းသွား လာရောက်ပြသစဉ် ဒီဇင်ဘာလ ၂၀ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်၌ လမ်းခရီးတွင် ပျံလွန်တော်မူခဲ့ခြင်းဖြစ်သည်။ “ထားဝယ်အထိ ပြန်ပင့်လာပြီး ဟိန္ဒားရွာက တကာတွေကို စျာပနအတွက် ရွာကိုပြန်ပင့်ဖို့ ဆက်သွယ်တယ်။ အဲဒီရက်က လမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်နေတော့သူတို့လည်း ထွက်လာမရဲကြဘူး။ ဒီကလည်း သွားမရဲကြဘူးဆိုတော့မြို့ပေါ်မှာပဲ စျာပန စီစဥ်လိုက်တယ်” ဟု ဆရာတော်၏ ဆွေမျိုးတစ်ဦးက ပြောသည်။ ဆရာတော်သည် လောင်းလုံးမြို့နယ်၊ အောက်ကျောက်ဝပ်ရွာဇာတိဖြစ်ပြီး ဟိန္ဒားဗောဓိကုန်းကျောင်းတွင် နှစ်၂၀ နီးပါး […]