BREAKING
April 18, 2025

ထားဝယ်

သရက်ချောင်းတွင် တိုက်ပွဲဖြစ်နေသည့် ဝင်းဝရွာအနီးကို စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲ

Dawei Watch

April 18, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေရာ စစ်ကောင်စီတပ် ညနေ ၄နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆နာရီမှ မွန်းလွဲ ၃နာရီအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြပြီး ညနေပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ “အခုလေးတင် ဗုံးလာကြဲသွားတယ်၊ ခြောက်လုံးလောက်ရှိတယ်။ ဝင်းဝစခန်း ပတ်ချာလည်နဲ့ ဝင်းဝတံတားအနီးဝန်းကျင်ကို ကြဲသွားတာဖြစ်မယ်” ဟု ဝင်းဝရွာနှင့် ကပ်လျက်ရှိ မင်းဒပ်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိမရှိ အခြေအနေတို့ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ နှစ်ဖက် ပစ်ခတ်မှုကြောင့် ထားဝယ်-မြိတ် အတက်အဆင်းကားများ ရာနှင့်ချီပိတ်မိနေပြီး ဝင်းဝနယ်မြေ ရဲစခန်းအနီးက […]

သရက်ချောင်း ဝင်းဝနယ်မြေရဲစခန်းတိုက်ခိုက်ခံရ၊ ကားရာချီပိတ်မိ

Dawei Watch

April 18, 2025

သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝနယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်နေသဖြင့် ကားရာနှင့်ချီပိတ်မိနေကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဧပြီလ ၁၈ ရက် နံနက် ၆ နာရီခန့်မှ ၉ နာရီခန့်အထိ တစ်ကြိမ်၊ နံနက် ၁၁ နာရီခွဲခန့်မှ နေ့လယ် ၁၂ နာရီကျော်အထိ တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထားဝယ်-မြိတ် အတက်အဆင်းကားများ လမ်းတွင် ပိတ်မိနေကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်တာကတော့ မနက် ကတည်းကပဲ။ တော်တော်များတယ်၊ လက်နက်ကြီးရော၊ လက်နက်ငယ်တွေရောပဲ။ ကားကြီး ကားငယ် အကုန်လုံး ပိတ်မိနေတယ်။ ကျွန်တော်တို့ရွာက လူတွေလည်း တစ်ယောက်မှ မရှိကြတော့ဘူး” ဟု ဝင်းဝနှင့် ရွာချင်းကပ်နေသည့် မင်းဒပ်ရွာက အမျိုးသားတစ်ဦးက ပြောဆိုသည်။ ဝင်းဝနယ်မြေရဲစခန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA […]

သင်္ကြန်အတွင်း မောင်းမကန်လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရ

Dawei Watch

April 17, 2025

သင်္ကြန်အကြတ်နေ့က လောင်းလုံးမြို့နယ်ရှိ ထားဝယ်-မောင်းမကန်လမ်းပိုင်းဖြစ်သည့် သုံးထပ်လမ်းပိုင်းတွင် ယာဉ်တိုက်မှု ဖြစ်ပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း တနင်္သာရီတိုင်းအရေးပေါ် ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။ ဧပြီလ ၁၅ ရက် ညနေ ၃ နာရီခန့်တွင် သုံးထပ်လမ်းပိုင်းတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။ “မျက်နှာက တော်တော်ပျက်စီးသွားတယ်။ ဆေးရုံရောက်တော့ အရေးပေါ်ခွဲစိတ်မှု လုပ်လိုက်ရတယ်။ ညဆယ်နာရီလောက်မှ ခွဲခန်းထဲက ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်ဆင်ကျေးရွာအုပ်စု ပြင်ကြီးရွာတွင် နေထိုင်သည့် အသက် ၂၀ ကျော်အရွယ် ဆိုင်ကယ်စီးလာသည့် အမျိုးသား၏ မျက်နှာတွင် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ထားဝယ် ဆေးရုံကြီး၌ အရေးပေါ်ခွဲစိတ်ကုသမှုခံယူရကြောင်း ဦးနိုင်မျိုးသွင်က […]

ထားဝယ်ထောင်က အကျဉ်းသား ၂၀ကျော်လွတ်၊ နိုင်ကျဉ်းတစ်ဦးသာပါ

Dawei Watch

April 17, 2025

မြန်မာနှစ်ဆန်းတစ်ရက် စစ်ကောင်စီ၏ လွတ်ငြိမ်ခွင့်တွင် ထားဝယ်အကျဥ်းထောင်က အကျဥ်းသား ၂၂ ဦး နှင့် အကျဥ်းသူ တစ်ဦး စုစုပေါင်း ၂၃ဦး ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် လွတ်မြောက်လာကြောင်း သွားရောက်စောင့်ဆိုင်းခဲ့သူများထံမှ သိရသည်။ လွှတ်ပေးရာတွင်ပါဝင်သူများကို နံနက် ၁၁ နာရီခန့်တွင် ထောင်မှ မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ ခံဝန်ထိုးခိုင်း၍ ရဲစခန်းမှ ပြန်လွှတ်ပေးခြင်းဖြစ်သည်။ “အမျိုးသမီးထဲမှာ နိုင်ငံရေးအမှု မပါဘူး။ လောင်းကစားမှု လွတ်ရက်စေ့ခါနီး တစ်ယောက်ပါတယ်။ ကျန်တာက ယောင်္ကျားတွေပဲ ပါတယ်။ လာစောင့်ပြီး မပါသူတွေလည်း ရှိတယ်” ဟု မြို့မရဲစခန်း ရှေ့တွင် လွတ်လာမည့်သူများအား သွားရောက်စောင့်ဆိုင်းခဲ့သည့် အကျဥ်းသားမိသားစုဝင်တစ်ဦးက ပြောသည်။ ပြန်လွတ်လာသည့် အမျိုးသား ၂၂ ဦးတွင် ပုဒ်မ ၅၀၅ က […]

ယခုနှစ် ထားဝယ်သင်္ကြန်လည်ပတ်သူများ

Dawei Watch

April 17, 2025

ထားဝယ်ခရိုင်တွင် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ယခုနှစ်ကျရောက်သည့် အတာသင်္ကြန်၌ ရေကစားကြသူများ၊ ရေပက်ခံ ထွက်သူများဖြင့် စည်ကားခဲ့ပြီး အာဏာသိမ်းပြီးနောက် ပါဝင်ဆင်နွှဲသူ အများဆုံးဖြစ်ကြောင်း မြို့ခံများနှင့် ရေပက်ခံထွက် သူများက ပြောသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကျင်းပသည့် သင်္ကြန်ပွဲများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်မှု၊ တော်လှန်ရေး အင်အားစုများ၏ မေတ္တာရပ်ခံမှု၊ ဒေသတွင်း မတည်ငြိမ်မှု၊ စစ်ကောင်စီ လုံခြုံရေးတင်းကျင်မှု စသည်တို့ကြောင့် ရေပက်ခံထွက်သူ၊ ရေကစားသူ နည်းခဲ့သည်။ ယခုနှစ်တွင်မူ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးတင်းကျပ်မှု မရှိသလို မြို့ပေါ်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မတွေ့ရသည့်အပြင် သင်္ကြန်တွင် မပျော်ရသည့် နှစ်ကာလလည်း ကြာမြင့်လာသဖြင့် ယခုနှစ်တွင် သင်္ကြန်ရေပတ်ခံထွက်သူ၊ ရေကစားသူ များပြားခြင်းဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။ […]

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် တွင် ယာဉ်မတော်တဆမှုကြောင့် နှစ်ဦးသေဆုံး

Dawei Watch

April 15, 2025

သင်္ကြန်အကျနေ့ ထားဝယ်မြို့ပေါ် ၌ ယာဉ်မတော်တဆမှုကြောင့် အမျိုသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ ကြောင်း ကူညီဆောင်ရွက် ပေးနေသူများထံမှသိရသည်။ ဧပြီ ၁၄ရက် မွန်းတည့် ၁၂ နာရီ ခန့်က ထားဝယ်မြို့ ၊ဝဲကျွန်းရပ်ကွက် သမီးတော် သောက်ရေသန့် စက်ရုံအနီးတွင် သားအမိနှစ်ဦး ဆိုင်ကယ်စီးလာစဉ် အမေဖြစ်သူ ဆိုင်ကယ်ပေါ်က လိမ်ကျသေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသည့် အမျိုသားတစ်ဦးကပြောသည်။ “ရေပက်တဲ့ နေရာရောက်တော့ ရုတ်တရက် ဆိုင်ကယ် အရှိန်လျှော့ လိုက်တာ အဲဒီမှာ နောက်ကထိုင်လိုက်လာတဲ့ သူ့အမေက လိမ့်ကျပြီး ဆုံးသွားတယ်”ဟု ယင်းအမျိုးသားကပြောသည်။ ယင်းအပြင် ထားဝယ်မြို့ မီးသတ်ဦးစီး ဌာနရုံးအနီးတွင်လည်း မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင့် အမျိုးသား တစ်ဦး မော်တော် ဆိုင်ကယ် တိမ်းမှောက်မှုဖြစ်ပြီး သေဆုံးခဲ့ ကြောင့် […]

ထိုင်း-မြန်မာနယ်စပ်၊ ထီးထဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့်ခုခံ

Dawei Watch

April 13, 2025

ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဧပြီလ ၁၂ ရက်နေ့မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၁၃) မနက်ပိုင်းတွင် လေကြောင်းအသုံးပြုကာ ခုခံနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှသိရသည်။ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို KNLAနှင့် PDF ပူးပေါင်းတပ်များက မနေ့က မွန်းလွဲ ၂ နာရီခန့်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယနေ့နံနက်မှစကာ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ကာ ခုခံနေရသည်။ “တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ အသာစီးမှုနဲ့ သိမ်းနိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့်ထားဝယ်-ထီးခီးနယ်စပ်လမ်းကြောင်းအနီး တွင်တည်ရှိပြီး စစ်ကောင်စီ၏ နယ်စပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ထားနိုင်ရန် အထောက်အကူဖြစ်သည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်က ကမာပလောစခန်းကိုစွန့်ခွာပြီး […]

ရေဖြူတွင် စစ်ကြောင်းထိုးချိန် ဝက်ချောင်းရွာသားတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

April 12, 2025

ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ဧပြီလ ၈ ရက် ညနေပိုင်းတွင် ဝက်ချောင်းရွာသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာတောထဲ၌ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းနဲ့ တွေ့ရှိကာ အသက် ၃၀ ကျော်အရွယ် ကိုခင်ဇော် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံက အမျိုးသမီးတစ်ဦးက ဆိုသည်။ “သူက ကော်ချေး (ရော်ဘာချေး) ကောက်တဲ့ လင်မယား ပြန်မလာလို့ သွားရှာတာ ကော်ခြေးကောက်တဲ့ လင်မယားကိုရော သူကိုရော စစ်ကြောင်းကတွေ့ပြီး ဖမ်းလိုက်တယ်။ ကော်ခြေးကောက်တဲ့ လင်မယားက ပြန်လွတ်လာပြီး သူကတော့ အခုထိ ပြန်မလွတ်လာသေးဘူး” ဟု ၎င်းက ပြောဆိုသည်။ ကော်ချေး ကောက်သည့် ဇနီးမောင်နှံ နှစ်ဦးမှာ ဧပြီလ ၉ ရက်တွင် ပြန်လွတ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။ အင်အား […]