ထိုင်း-မြန်မာနယ်စပ်၊ ထီးထဗျူဟာကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့်ခုခံ
Dawei Watch
April 13, 2025ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ၏ ထီးထဗျူဟာစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်က ဧပြီလ ၁၂ ရက်နေ့မှစကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က ယနေ့ (ဧပြီ ၁၃) မနက်ပိုင်းတွင် လေကြောင်းအသုံးပြုကာ ခုခံနေကြောင်း စစ်ရေးသတင်းအရင်းအမြစ်များ ထံမှသိရသည်။ ထီးထဗျူဟာစခန်းသိမ်းတိုက်ပွဲကို KNLAနှင့် PDF ပူးပေါင်းတပ်များက မနေ့က မွန်းလွဲ ၂ နာရီခန့်တွင် စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ယနေ့နံနက်မှစကာ လေကြောင်းဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်ကာ ခုခံနေရသည်။ “တော်လှန်ရေး ပူးပေါင်းတပ်တွေကတော့ အသာစီးမှုနဲ့ သိမ်းနိုင်အောင်တော့ ကြိုးစားနေတယ်”ဟု ပူးပေါင်းတပ်တွင်ပါဝင်သည့် စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။ ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာနယ်စပ်လမ်းဖြစ်သည့်ထားဝယ်-ထီးခီးနယ်စပ်လမ်းကြောင်းအနီး တွင်တည်ရှိပြီး စစ်ကောင်စီ၏ နယ်စပ်စခန်းများနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို စိုးမိုးထိန်းချုပ်ထားနိုင်ရန် အထောက်အကူဖြစ်သည့် စခန်းတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၄ ရက်က ကမာပလောစခန်းကိုစွန့်ခွာပြီး […]