ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာ ၁၇၀ ခန့် ထပ်မံဖမ်းဆီးခံရ
Dawei Watch
January 31, 2025ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာ ၁၇၀ ခန့်သည် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်က ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နံနက် ၇ နာရီခွဲခန့်က ထိုးဖားဖမ်းစစ်ဆေးရေးဂိတ်တွင် ၂ တွဲပါ ကုန်တင်ကားကို စစ်ဆေးရာမှ ကားပေါ်လိုက် ပါလာသော မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ကုန်တင်ကားပေါ်တွင် မြန်မာများ ကျပ်ကျပ်တည်းတည်း လိုက်ပါလာသည်ကို ဓာတ်ပုံမှတ်တမ်းများအရ တွေ့ရသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား ၁၆၉ ဦးနှင့် ကားသမား နှစ်ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများသည် ဘုရားသုံးဆူနယ်စပ် စန်ခရာဘူရီဒေသတို့ တရားမဝင် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ဆိုသည်။ ယင်းနောက် စန်ခရာဘူရီမှတစ်ဆင့် ကန်ချနဘူရီမြို့သို့ ပို့ဆောင်ရန် လမ်းမကြီးအတိုင်း မောင်းနှင်လာခြင်းဖြစ်ပြီး […]