ထိုင်းဒူးရင်းခြံထဲတွင် မြန်မာလုပ်သားနှစ်ဦး အသတ်ခံရ
diz_admin
February 15, 2023ထိုင်းနိုင်ငံ ချုံဖော်ခရိုင် ဘန့်နာ့ဒေသ ဒူးရင်းခြံထဲရှိ အလုပ်သမားတဲတွင် မြန်မာအလုပ်သမား နှစ်ဦး အသတ်ခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၄ ရက်က ဓားဖြင့် ခုတ်သတ်ခံရပြီး သွေးအိုင်ထဲ လဲကျသေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၄၈ နှစ်အရွယ်ရှိ ဦးမူရိန်မောင်နှင့် အသက် ၅၈ နှစ်အရွယ်ရှိ ဦးမောင်ခင်တို့ဖြစ်ကြပြီး အနီးရှိ အိတ်များတွင် သေဆုံးသူများ၏ အလုပ်သမားကတ်များနှင့် ဘတ်ငွေများကိုပါ တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အလောင်းများတွင် လည်ပင်းကို ဓားဖြင့် အချက်ရေများစွာ ခုတ်ထားသော ဒဏ်ရာများတွေ့ရှိခဲ့ရပြီး အနီးတွင်လည်း သွေးစွန်းနေသော ဓါးနှစ်လက်ကိုပါ သက်သေအဖြစ် တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားနှစ်ဦးသေဆုံးနေသည်ကို တောင်ပေါ်ခြံထဲတွင် ရော်ဘာခြစ်ရန်အတွက် အချိန်ပိုင်း ငှားရမ်းထားသော ဦးမောင်က နံနက် ၆ […]