BREAKING
January 24, 2025

ရွှေ့ပြောင်းလုပ်သား

ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

diz_admin

November 19, 2022

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ အမှတ် (၄၁) အမြန်လမ်းတွင် ထိုင်းနိုင်ငံသားနှစ်ဦး မောင်းနှင်လာသော ပစ်ကပ်ကား နှစ်စီးကို ထိုင်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာကြသော မြန်မာအလုပ်သမား ၄၂ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ နံနက် ၃ နာရီအချိန်ခန့်တွင် ပထမအဖြူရောင်ပစ်ကပ်ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ၌ ကား၏ အနောက်ဘက်ကို တာလပတ်များဖြင့် ဖုံးအုပ်ထားပြီး ယင်းအောက်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး လိုက်ပါလာခဲ့ကြောင်း ရေးသားထားသည်။ ကားမောင်းသမားကို စစ်ဆေးမေးမြန်းရာတွင် တရားမဝင် မြန်မာအလုပ်သမားကို […]

ရနောင်းတွင် ၁၁ လအရွယ် မြန်မာကလေးငယ်တစ်ဦး ခိုးယူခံရပြီး လမ်းဘေးတွင် စွန့်ပစ်ခံရ

diz_admin

November 17, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၁၁ လသားအရွယ် မြန်မာကလေးငယ်တစ်ဦးကို ထိုင်းနိုင်ငံသားတစ်ဦးက ခိုးယူကာ ဆိုင်ကယ်စီး ထွက်ပြေးသွားပြီးနောက် ကလေးငယ်အား လမ်းဘေးတွင် စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကလေးငယ်၏ ဖခင်ဖြစ်သူက Dawei Watch သို့ ပြောသည်။ ကလေးငယ်၏ မိဘများသည် လောင်းလုံးမြို့နယ် ပန်းဒလဲရွာဒေသခံများဖြစ်ကြသည်။ ရနောင်းခရိုင်၊ ပါ့နမ်ဒေသ ပါ့ခလောင်ရွာ၌ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင် အဝါရောင် အင်္ကျီဝတ်ထားသော ထိုင်းနိုင်ငံသားတစ်ဦးသည် ကလေးငယ်ကို မုန့်ဝယ်ကျွေးမည်ဟု ဆိုကာ ကလေး၏ အဖိုးအဖွားလက်ထဲမှ ခိုးယူသွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံသားသည် ကလေးကို ခိုးယူခဲ့ပြီးနောက် လိုင်စင်နံပတ်ပြားမရှိသော ဆိုင်ကယ်ဖြင့် ရနောင်းမြို့တွင်းဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း ရေးသားထားသည်။ ကလေးခိုးယူခံခဲ့ရသည့်အကြောင်းကို အရေးပေါ်ဖုန်းနံပါတ် ၁၉၁ […]

ထိုင်းတွင် မြန်မာလုပ်သားများစွာလုပ်ကိုင်သော ဖိနပ်စက်ရုံမီးလောင်၊ နှစ်ဦးဒဏ်ရာရ

diz_admin

November 16, 2022

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်တွင် မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိသော Aerosoft ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းက မီးလောင်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမူပရကန်ခရိုင် ဘန်ဖလီဒေသ ဘန်ချလုံးနယ်မြေ ဘန့်နာ့တရပ်အဝေးပြေးလမ်းမကြီးဘေးရှိ Summit Footwear ကုမ္ပဏီပိုင် Aerosoft အမှတ်တံဆိပ် ဖိနပ်စက်ရုံတွင် နိုဝင်ဘာလ ၁၅ ရက် ညနေ ၃ နာရီခွဲခန့်မှစ၍ မီးစတင်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မီးစတင်လောင်ကျွမ်းသောအချိန်သည် စက်ရုံရှိ အလုပ်သမား ရာနှင့်ချီ အလုပ်ဆင်းနေသောအချိန်ဖြစ်ပြီး အလုပ်သမားများသည် အရေးပေါ်ထွက်ပေါက်မှ အကုန်လုံးလွတ်မြောက်ခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ မီးလောင်ကျွမ်းမှုကြောင့် လူ ၂ ဦးဒဏ်ရာရရှိခဲ့သည်ဟု ထိုင်းသတင်းများတွင် ရေးသားထားသော်လည်း ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ “ဒီစက်ရုံမှာက […]

ထိုင်းတွင် ကားမှောက်မှုကြောင့် ကျွန်းစုသူအပါအဝင် မြန်မာသုံးဦးသေဆုံး

diz_admin

November 15, 2022

ထိုင်းနိုင်ငံ ဖေ့ခ်ျဘူရီခရိုင်တွင် မြန်မာနိုင်ငံသားမောင်းနှင်လာသော ကိုယ်ပိုင်ကားတစ်စီးသည် အရှိန်လွန်ကာ လမ်းလယ်ဓါတ်တိုင်ကို ဝင်တိုက်တိမ်းမှောက်ရာမှ မြန်မာနိုင်ငံသား သုံးဦးသေဆုံးကြောင်း လိုက်ပါကူညီဆောင်ရွက် ပေးနေသည့် ဝိဒေသနာရေးပရဟိတအသင်းထံမှ သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖေ့ခ်ျဘူရီခရိုင် ခေါင်းယွိုင်ဒေသရှိ ဖက်ကစန်အဝေးပြေးလမ်းမပေါ်၌ ကားမှောက်ခြင်းဖြစ်သည်။ Chevrolet အမျိုးအစား ကိုယ်ပိုင်ကားတစ်စီးသည် မိုးသည်ထန်စွာရွာသွန်းမှုကြောင့် အရှိန်လွန်ကာ လမ်းချော်ပြီး လမ်းလယ်ရှိ ဓါတ်တိုင်ကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးမှာ လမ်းမပေါ်လွင့်ထွက်သွားခဲ့ကာ သေဆုံးသွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ ကားမှာ လုံးဝပျက်စီးသွားပြီး လမ်းမအလယ်တွင် ပက်လက်အနေအထား ဖြစ်သွားခဲ့ပြီး ကားထဲ ညှပ်နေသော ကားမောင်းသမားမှာ အပြင်းအထန်ဒဏ်ရာရရှိထားသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက မိနစ် ၂၀ ခန့် အကြာ ကားတံခါးကိုဖြတ်ကာ […]

ထိုင်းတွင် ကားမှောက် သေဆုံးသွားသော မြန်မာလုပ်သားနှစ်ဦးအတွက် အာမခံ ဘတ်နှစ်သန်းကျော်ရ

diz_admin

November 14, 2022

ထိုင်းနိုင်ငံတွင် ကားမှောက်မှုကြောင့် သေဆုံးသွားသော အထောက်အထားမဲ့ မြန်မာအလုပ်သမား နှစ်ဦးအတွက် အာမခံအကျိုးခံစားခွင့် ဘတ် နှစ်သန်းကျော်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်သည်။ တာခ့်ခရိုင်မှ ကန်ဖန်းဖက်ခရိုင်ဘက်သို့ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ တင်ဆောင်လာသော ကားတစ်စီး လွန်ခဲ့သည့် တစ်နှစ်ခန့်က တိမ်းမှောက်မှုကြောင့် ကားပေါ်ပါ မြန်မာအလုပ်သမား သုံးဦးသေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သို့သော် ကားမှောက်မှုဖြစ်ပွားသည့် နေ့ရက်နှင့် ဖြစ်စဉ်အသေးစိတ်ကို ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားများ သေဆုံးခဲ့မှုအတွက် အာမခံအကျိုးခံစားခွင့် ရရှိစေရန် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ တွင် အမျိုးသားညီညွတ်ရေးအစိုးမှ ကိုရဲမင်းဦးဆောင်သော AAC မဟာမိတ်အဖွဲ့သို့ ညွှန်ကြားခဲ့ကြောင်း ဖော်ပြသည်။ သေဆုံးခဲ့သူ နှစ်ဦးအတွက် ပုဂ္ဂလိက ကားအာမခံအတိုင်း […]

ဘန်ကောက်တွင် တံတားပေါ်က ခုန်ချအဆုံးစီရင်ရန်ကြိုးပမ်းသည့် မြန်မာလုပ်သားကို ကယ်တင်နိုင်ခဲ့

diz_admin

November 14, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အလုပ်လက်မဲ့ဖြစ်နေသည့် မြန်မာလူငယ်တစ်ဦး တံတားပေါ်က ခုန်ချ၍ အဆုံးစီရင်ရန် ကြိုးပမ်းခဲ့ရာ ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ နိုဝင်ဘာလ ၁၃ ရက် ညနေ ၄ နာရီခန့်တွင် ဘန်ကောက်ခရိုင် ဟွေ့ကွမ်ဒေသ မာန်ရတီလမ်းဆုံရှိ ဖလမ်းကောက်ခုံးကျော်တံတားပေါ်၌ လူငယ်တစ်ဦး ခုန်ချအဆုံးစီရင်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းသတင်းရရှိသဖြင့် မက်ကဆန်ရဲစခန်းမှ ရဲတပ်ဖွဲ့များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များက သွားရောက် ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ထိုင်းတာဝန်ရှိသူများ ရောက်သွားချိန်တွင် အသက် ၃၀ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားတစ်ဦးသည် ခုံးကျော်တံတားရှိ လမ်းဘေးဘောင်ပေါ် လမ်းမီးသံတိုင်ကို ကိုင်ထားလျက် အနေအထားရှိနေကာ လွှတ်ချလိုက်သည်နှင့် ပြုတ်ကျသွားနိုင်ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားမှာ ထိုင်းဘာသာဖြင့် အားတီအမည်ရှိသူဟု ဖော်ပြထားပြီး ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်ရာတွင် […]

ဘန်ကောက်မှာ အသတ်ခံခဲ့ရတဲ့ ကော့သောင်းသူလေး

diz_admin

November 13, 2022

ဘန်ကောက်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ကော့သောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါတယ်။ သူ့မအခန်းအနီးမှာနေတဲ့ အခန်းက မြန်မာအမျိုးသား တစ်ဦးက သူ့ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

ဘန်ကောက်တွင် ကော့သောင်းသူကို သတ်ခဲ့သည်ဆိုသည့် မြန်မာလုပ်သားအဖမ်းခံရ

diz_admin

November 12, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသော ကော့သောင်းဒေသခံ အမျိုးသမီးကို သတ်ခဲ့သည်ဟုဆိုသော မြန်မာအလုပ်သမားအမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ဖမ်းမိကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင် “ထားဝယ်သူ” ဟု လူသိများသော အမျိုးသမီးတစ်ဦးကို လည်ပင်း ညှစ်ထားသော ဒဏ်ရာနှင့်အတူ ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အမှုကို စုံစမ်းစစ်ဆေးခဲ့ရာမှ အမျိုးသမီးကို သတ်ခဲ့သူဟုဆိုသူ မြန်မာ အလုပ်သမား ကိုကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ ကိုကျော်ဝင်းဆိုသူသည် သေဆုံးသူ၏ အခန်းဘေးကပ်လျက်တွင် နေထိုင်သူဖြစ်ကာ ၎င်းတွင် ဇနီးနှင့် ကလေးရှိသူဖြစ်ကြောင်း ၎င်းတို့က […]