ပတ်စ်ပို့သက်တမ်းတိုး တိုကင်ယူရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တန်းစီသူထောင်နှင့်ချီရှိ
diz_admin
January 7, 2023ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် လူကိုယ်တိုင်လာရောက်တန်းစီရမည်ဟု ကြေညာ ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားထောင်ချီ ယနေ့ (ဇန်နဝါရီ ၇) လာရောက်တန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရက်ချိန်းတိုကင်ကို လူကိုယ်တိုင် လာရောက်ယူရမည်ဟု မြန်မာသံရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့ကြောင့် ပထမဆုံးနေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ လာရောက်တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ ရက်ချိန်းတိုကင်ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်၌ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ကိုယ်စား ထုတ်ယူသူများနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိနေသေးသူများကို ရက်ချိန်းတိုကင်များ […]