ထိုင်းသို့ တရားမဝင်လာသဖြင့် မြန်မာလုပ်သား ၅၀ ကျော် ဖမ်းဆီးခံရ
diz_admin
March 13, 2023ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် သုံးရက်အတွင်း မြန်မာအလုပ်သမား ၅၀ ကျော် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြချက်အရသိရသည်။ စူဖန်းဘူရီခရိုင် ဘန့်ပလားမားဒေသရှိ အဝေးပြေးလမ်းမပေါ်တွင် ပစ်ကပ်ကားတစ်စီးပေါ် လိုက်ပါလာသော တရားမဝင် မြန်မာအလုပ်သမား ၁၃ ဦးကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။ ဘန်ကောက်သို့ ဦးတည်နေသည့် ယင်းပစ်ကပ်ကားမှာ လိုင်စင်နံပါတ်ပြားမတပ်ထားသည့်အပြင် ကားအနောက်ပိုင်းကို ကင်းဗက်အနက်ရောင်ပိုင်းဖြင့် ဖုံးထားသည်ဟု ဆိုသည်။ တရားမဝင် အလုပ်သမားများ တင်ဆောင်လာနိုင်သည်ဟု သံသယရှိသဖြင့် အမြန်လမ်းရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေး ခဲ့ရာမှ မြန်မာအလုပ်သမား အမျိုးသား ကိုးဦးနှင့် အမျိုးသမီး လေးဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တစ်ဦးလျှင် ဘတ် ၂၀၀၀ ဖြင့် တာခ့်ခရိုင် နောင်ဘိုတိုင်ဒေသမှတစ်ဆင့် ဘန်ကောက်သို့ ပို့ဆောင်ပေးရန် […]