ထိုင်းတွင် ဗီဇာမလိုဘဲနေထိုင်ခွင့် ၁၄ရက်သာ ရတော့မည်
diz_admin
March 30, 2023ထိုင်းနိုင်ငံသို့ မြန်မာအပါအဝင် နိုင်ငံအချို့က နိုင်ငံသားများကို ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့် ပေးထားရာမှ လာမည့် ဧပြီလ ၁ ရက်ကစပြီး ၁၄ ရက်သာပေးတော့မည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးက ယနေ့ ထုတ်ပြန်လိုက်သည်။ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသားခရီးသွားများအတွက် ၂၀၂၂ ခုနှစ် အောက်တိုဘာလမှစ၍ ဗီဇာမလိုဘဲ ၄၅ ရက် နေထိုင်ခွင့်ပြုပေးခဲ့ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စမ်းသပ်ကာလ ကုန်ဆုံးမည်ဖြစ်သည်။ ယခင်က ခွင့်ပြုပေးထားခဲ့အတိုင်း ဗီဇာမလိုဘဲ ၁၄ ရက်ကြာ နေထိုင်ခွင့်ကိုသာ ပြန်လည်ခွင့်ပြုတော့မည်ဖြစ်သည်။ “ထိုင်းအစိုးရ ဆုံးဖြတ်ချက်ပါရှင့်။ ၄၅ ရက်က စမ်းသပ်ကာလအနေနဲ့ လပိုင်းပဲ ပေးတာပါ။ အဲ့ဒါကို ဆက်မပေးတော့ဘဲ ဖြုတ်လိုက်တာပါ” ဟု […]